ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်း များမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာ ရှင်များ၊ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းလှူဒါန်းမှု သဒ္ဓါ တရားထက်သန်မှုနှင့်အတူ တစ်ရက်ထက် တစ်ရက် ရုပ်လုံး ပေါ် ပီပြင်လာလျက်ရှိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသော စုစုပေါင်းအလေးချိန် တန် ၁၇၀၀ ရှိသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးကို ပြီးခဲ့ သည့် ဇန်နဝါရီလ ၂၆ ရက်နေ့ မင်္ဂလာအချိန်တွင် ရတနာ ပလ္လင်တော်ထက်သို့ ဝန်ချီစက် ၈ လုံးပါ သံမဏိမျှော်စင်ကြီး ဖြင့် စတင်ပင့်ဆောင်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်း တွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင် နေရာချထားနိုင်ခဲ့သည်။ ဧရာမကြီးမားလေးလံလှသည့် ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော် အစိတ်အပိုင်းကြီးကို ထိခိုက်ပွန်းပဲ့မှု မရှိစေရေးအတွက် သံမဏိရတနာပန်းတောင်း တော်ကြီးတစ်ခု တည်ဆောက်ထည့်သွင်းပြီး ဆင်းတုတော် ကြီးနှင့်အတူ စုစုပေါင်း တန်ချိန် ၂၄၀၀ ခန့်ကို အင်ဂျင်နီယာ ပညာရှင်များ၊ ကာယဉာဏလုပ်သားများက နည်းပညာနှင့် စက်ယန္တရားကြီးများဖြင့် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခဲ့သည့် မြင်ကွင်းသည် အံ့မခန်းပင်ဖြစ်ပြီး သမိုင်းဝင် သမိုင်းတင်မည့် ဆောင်ရွက်ချက်လည်းဖြစ်သည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာ တော်ကုသိုလ်ရှင်များ လှူဒါန်းထားရှိသော ရွှေထည်များ၊ ကျောက်မျက်ရတနာပါသည့် ရွှေထည်များ၊ ကျောက်မျက် ရတနာပါသည့် ငွေထည်များ၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးများ၊ အဖိုးတန်ရွှေငွေကျောက်သံ ပတ္တမြား မြောက်မြားစွာတို့ကို ရတနာသေတ္တာများတွင် ထည့်သွင်းကာ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်ထက် အလယ်ဗဟိုဌာနများတွင် ဇန်နဝါရီလ ၂၇ ရက် တွင်လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင်လည်းကောင်း ဌာပနာတော်များ သွင်းလှူပူဇော်ခဲ့သည်တို့ကိုလည်း နိုင်ငံ တစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ သဒ္ဓါရွှင်လန်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ခဲ့ကြရသည်။
ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း (၄) မှာလည်း ဖေဖော်ဝါရီလ ၁၃ ရက် နံနက် အစောပိုင်းတွင် ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့်အတူ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း၌ သာသနာ့ဗိမာန်တော်ကြီး၊ ပိဋကတ်ကျမ်းစာ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင် တော်၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင် စသည်တို့အပါအဝင် သာသနိက အဆောက်အအုံများစွာကို တည်ဆောက်ပူဇော် လျက်ရှိရာ အလှူငွေထည့်ဝင်လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများ၊ ဘာသာသာသနာအတွက် သဒ္ဓါကြည်ညို ကုသိုလ်ပြုလိုကြသည့် အလှူရှင်များအနေဖြင့် သက်ဆိုင်ရာ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြစေရေး နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။