
ပရီမီယာလိဂ်ပွဲစဉ် (၂၁) ၏ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ် သည့် အာဆင်နယ်အသင်းနှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်ကို ဇန်နဝါရီ ၁ ရက် ညပိုင်းက အမ်း မရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးက နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယခုပွဲစဉ်တွင် အာဆင်နယ် နည်းပြ အာတီတာသည် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး သီးသန့် ခွဲခြား နေထိုင်နေရသည့်အတွက် ပွဲကြီးကြပ်ခွင့်နှင့် လွဲချော်ခဲ့ပြီး အဲဘတ် စတူဗင်ဘတ်က တာဝန် ယူကိုင်တွယ်ခဲ့ရသည်။ အာဆင် နယ်အသင်းသည် ပြီးခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို တစ်ဦးသာ အပြောင်းအလဲပြုလုပ် ပြီး ဆာကာ၊ အိုဒီဂတ်၊ မာတင် နယ်လီ၊ လာကာဇက်တို့ကို အသုံး ပြုကာ မန်စီးတီးအသင်းကို ရင်ဆိုင်လာခဲ့သည်။ မန်စီးတီး အသင်းက ပြီးခဲ့သည့် ပွဲစဉ်မှ ကစားသမားစာရင်းကို သုံးဦး အပြောင်းအလဲပြုလုပ်ပြီး စတား လင်း၊ ဂျီးဆပ်၊ မာရက်ဇ်တို့ကို အသုံးပြုကာ အာဆင်နယ်အသင်း ကို ရင်ဆိုင်လာခဲ့သည်။
အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် တီယာနေ၏ ဖန်တီးမှုမှတစ်ဆင့် ဆာကာက သွင်းယူပေးနိုင်ခဲ့သည်။ မန်စီးတီးအသင်းသည် ပထမပိုင်း တွင် အာဆင်နယ်အသင်းဘက်သို့ ဘောလုံးပိုင်ဆိုင်မှု အသာရယူနိုင် ခဲ့သော်လည်း ဂိုးပေါက်တည့် မတ်မှု မရှိခဲ့ပေ။ ဒုတိယပိုင်းတွင် မန်စီးတီးအသင်း ကစားအား တက်လာပြီး ၅၇ မိနစ်တွင် ချေပ ဂိုးရရှိခဲ့သည်။ အဆိုပါ ချေပဂိုးကို ပယ်နယ်တီမှတစ်ဆင့် မာရက်ဇ် က အမှားအယွင်းမရှိ သွင်းယူပေး နိုင်ခဲ့သည်။
အာဆင်နယ် အသင်းသည် ချေပဂိုး ခွင့်ပြုပေးလိုက်ရပြီး မကြာမီတွင်အသင်းမှ ဂါဘရီရယ် ပြိုင်ဘက်ကစားသမားကို ကစား ပုံကြမ်းတမ်းခဲ့သည့်အတွက် အနီ ကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ ထို့နောက်တွင် တစ်ယောက်လျော့ အာဆင်နယ်အသင်းကို မန်စီးတီး အသင်း ဖိအားပေးကစားနိုင်ခဲ့ သည်။ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ရိုဒရီက သွင်းယူပေးနိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ယခု နိုင်ပွဲကြောင့် ၂၁ ပွဲကစားပြီး ၅၃ မှတ်ရရှိကာ ဒုတိယနေရာမှ ချယ်ဆီးကို ၁၁ မှတ်အထိ ဖြတ် ထားနိုင်ပြီ ဖြစ်သည်။
ဝက်ဖို့ဒ်နှင့် စပါးပွဲတွင် စပါး က တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရ သည်။
အောင်ဇော်