တီးတိန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို CDF အကြမ်းဖက်သောင်းကျန်းသူများက ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ ငွေများ လုယက်ယူဆောင်

နေပြည်တော် ဩဂုတ် ၂၅


ချင်းပြည်နယ်    တီးတိန်မြို့ရှိ  မြန်မာ့စီးပွားရေးဘဏ်၌ လုံခြုံရေး ဆောင်ရွက်နေသည့်   တပ်ဖွဲ့ဝင် များကို     CDFအကြမ်းဖက် သောင်းကျန်းသူများက  အလစ် အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး  ကျဆုံး ကာ    ၎င်းတို့ကိုင်ဆောင်သော  လက်နက်ငယ်အချို့နှင့်  ဘဏ် အတွင်းရှိ    ငွေများ   လုယက် ယူဆောင်သွားကြောင်း သိရသည်။


အနီးကပ်ပစ်ခတ်


ဖြစ်စဉ်မှာ      ယနေ့တွင် တီးတိန်မြို့       မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌  လုံခြုံ ရေးတပ်ဖွဲ့ဝင် သုံးဦး  ဘဏ်လုံခြုံ ရေးဆောင်ရွက်နေစဉ် နံနက် ၁၁ နာရီ   မိနစ် ၄၀ တွင်  CDF အကြမ်းဖက်သောင်းကျန်းသူများ က    ဘဏ်တွင်   ငွေလာရောက် ထုတ်ယူသည့် သာမန်ငွေထုတ်သူ အသွင်ဖြင့် ရောက်ရှိလာပြီး လုံခြုံ ရေး တပ်ဖွဲ့ဝင်များအနီး ချဉ်းကပ် ကာ           ပစ္စတိုသေနတ်များဖြင့် အနီးကပ်      ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် သုံးဦး သည်  ကျည်ထိမှန်  ဒဏ်ရာများ ရရှိကာ     အခင်းဖြစ်နေရာတွင် ကျဆုံးခဲ့သည်။


လုယက်ယူဆောင်


ထို့နောက်    အကြမ်းဖက် သောင်းကျန်းသူများသည် သေနတ် များ    ပစ်ဖောက်၍    အသံပေး ခြောက်လှန့်ကာ      ဘဏ်အတွင်းသို့ ဝင်ရောက်ပြီး   ဘဏ်အတွင်းရှိ ရုံးလုပ်ငန်းသုံး    ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကာ ကွန်ပျူတာနှင့် စီစီတီဗီများ       သေနတ်ဖြင့် ပစ်ခတ်ဖျက်ဆီး၍ ဘဏ်ငွေထုတ်     ကောင်တာရှိ  အများပြည်သူများ နှင့်      ပင်စင်စားမိဘပြည်သူများကို ငွေထုတ်ပေးရန်    အသင့်ပြင်ဆင် ထားရှိသည့် နိုင်ငံတော်ပိုင်ငွေကျပ် ၃၈၈ သိန်းကျော်နှင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များ  ကိုင်ဆောင်သည့် လက်နက်ငယ်အချို့အား လုယက် ယူဆောင်ကာ     ဘဏ်အတွင်းမှ      ပြန်လည်         ထွက်ပြေးသွားခဲ့ သည်။


ထိုကဲ့သို့       လုံခြုံရေး ဆောင်ရွက်နေသည့်     တပ်ဖွဲ့ဝင် များကို   ပစ်ခတ်တိုက်ခိုက်ကာ ဘဏ်အတွင်းရှိ     နိုင်ငံတော်ပိုင် ငွေများ      လုယက်ယူဆောင် သွားသည့်   CDF အကြမ်းဖက် သောင်းကျန်းသူများကို  ဖမ်းဆီး ရမိနိုင်ရေး    လိုအပ်သောပိတ်ဆို့ ရှာဖွေ         စစ်ဆေးခြင်းများ ဆက်လက်   ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်