တိုင်ဆန်ဖျူရီနှင့် ချီဆိုရာတို့ ဒီဇင်ဘာလတွင် တတိယအကြိမ် ထိုးသတ်တော့မည်

 

ဗြိတိန်လက်ဝှေ့အကျော်အမော်   တိုင်ဆန်ဖျူရီသည် တစ်နိုင်ငံ တည်သားဖြစ်သူ  ဒါးရက် ချီဆိုရာနှင့် လန်ဒန်ရှိ တော့တင်ဟမ် ဟော့စပါးကွင်းအတွင်း  ဒီဇင်ဘာ ၃ ရက်တွင် တတိယအကြိမ် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 


ယခင်တွေ့ ဆုံခဲ့သည့်နှစ်ကြိမ်တွင် အနိုင်ရရှိခဲ့သော အသက် ၃၄ နှစ်အရွယ်ရှိ တိုင်ဆန်ဖျူရီအနေဖြင့် ယခုပွဲစဉ်တွင် ၎င်း၏ WBC  ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုကို  တတိယအကြိမ်မြောက် ကာကွယ်ထိုးသတ်ရမည် ဖြစ်သည်။ တိုင်ဆန်ဖျူရီနှင့် ချီဆိုရာ တို့သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် နှစ်ကြိမ်ထိုးသတ်ဖူးပြီး ဖျူရီက နှစ်ကြိမ်စလုံး အနိုင်ရရှိထားသည်။ 

 


တိုင်ဆန်ဖျူရီသည်  ပြီးခဲ့သည့်  ဒီဇင်ဘာလက  အန်သိုနီ ဂျိုရှူအာနှင့် ထိုးသတ်ရန် ဆွေးနွေးခဲ့သော်လည်း နောက်ပိုင်းတွင် ညှိနှိုင်းမှု ပျက်ပြယ်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးထိုးသတ်ခဲ့ သည့် လေးပွဲတွင် သုံးပွဲအထိ ရှုံးနိမ့်ထားသောကြောင့် အသက် ၃၈ နှစ်အရွယ်ရှိ ကမ္ဘာ့ချန်ပီယံ ချီဆိုရာသည် လက်ဝှေ့ကစား သမားဘဝကုန်ဆုံးရန်     တဖြည်းဖြည်းနီးကပ်လာကြောင်း  ပြောဆိုမှုများလည်း  ရှိနေသည်။ 

မိုးဇက်