တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းသုံးယောက်တွဲအဖွဲ့လိုက်ယှဉ်ပြိုင်

 

နေပြည်တော်    ဇူလိုင်    ၁၄


မြန်မာ့ပိုက်ကျော်ခြင်း အားကစား  အဆင့်အတန်း  တိုးတက်မြင့်မား လာစေရေးကို    အထောက်အကူ ပြုစေရန်နှင့်      မျိုးဆက်သစ် ပိုက်ကျော်ခြင်း အားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်       မြန်မာနိုင်ငံ  ပိုက်ကျော်ခြင်း     အဖွဲ့ချုပ်တို့  ပူးပေါင်းကာ ၂၀၂၂ ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ယနေ့ နံနက်  ၈ နာရီမှစတင်၍ ကျင်းပ ရာ အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန       ဒုတိယဝန်ကြီး      ဦးမျိုးလှိုင်နှင့်   တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာ ရှင်များ ကြည့်ရှုအားပေးသည်။

 


ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  သုံးယောက်တွဲ          အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ်  မန္တလေးတိုင်းဒေသကြီး  အသင်း က နေပြည်တော်ကောင်စီနယ်မြေ အသင်းကို       နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊  မကွေးတိုင်းဒေသ ကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို    နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း၊  တနင်္သာရီတိုင်းဒေသ ကြီးအသင်းက    ဧရာဝတီတိုင်း ဒေသကြီး အသင်းကို  နှစ်ပွဲပြတ် ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်း  ဒေသကြီးအသင်းက ကချင်ပြည် နယ်အသင်းကို  နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊   ရှမ်းပြည်နယ် အသင်းက     ကယားပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊    ရန်ကုန် တိုင်းဒေသကြီးအသင်းက    ချင်း ပြည်နယ်အသင်းကို   နှစ်ပွဲပြတ် ဖြင့်လည်းကောင်း     ယှဉ်ပြိုင်          အနိုင်ရရှိကြပြီး ကွာတားဖိုင်နယ် ပွဲများကို      ဆက်လက်ယှဉ်ပြိုင် ကြရာ  မန္တလေးတိုင်းဒေသကြီး အသင်းက  ရှမ်းပြည်နယ်အသင်း ကို    နှစ်ပွဲပြတ်ဖြင့်     လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်း ကို  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊      နေပြည်တော်ကောင်စီ    နယ်မြေ       အသင်းက မွန်ပြည်နယ်အသင်းကို     နှစ်ပွဲ-တစ်ပွဲဖြင့်  လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး    အသင်း က    ကချင်ပြည်နယ်အသင်းကို  နှစ်ပွဲပြတ်ဖြင့်      လည်းကောင်း   ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

 


ဆက်လက်၍ သုံးယောက်တွဲ အဖွဲ့လိုက်   (အမျိုးသမီး)  ပြိုင်ပွဲ ပွဲစဉ်များအဖြစ်    ရခိုင်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊  ကရင်ပြည်နယ်အသင်း က မကွေးတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်း    က     တနင်္သာရီ တိုင်းဒေသကြီးအသင်း ကို   နှစ်ပွဲ ပြတ်ဖြင့်လည်းကောင်း၊  ရှမ်းပြည်နယ်အသင်းက   နေပြည် တော်ကောင်စီနယ်မြေအသင်းကို နှစ်ပွဲပြတ်ဖြင့်    လည်းကောင်း   ယှဉ်ပြိုင်            အနိုင်ရရှိခဲ့ကြပြီး     ကွာတားဖိုင်နယ်ပွဲများကို ဆက် လက်ယှဉ်ပြိုင်ကြရာ     ပဲခူးတိုင်း ဒေသကြီးအသင်းက ကရင်ပြည် နယ်အသင်းကို     နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊    ဧရာဝတီတိုင်း ဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့်    လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

 


အဆိုပါ ၂၀၂၂ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်  ပိုက်ကျော်ခြင်း ပြိုင်ပွဲကို   ဇူလိုင်  ၁၅  ရက်တွင် နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစား ကွင်း  (C)  ရုံ၌ နံနက် ၈ နာရီမှ စတင်၍      သုံးယောက်တွဲ   အဖွဲ့ လိုက်   (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များနှင့် ဗိုလ်လုပွဲကို    ယှဉ်ပြိုင်သွားမည် ဖြစ်ရာ ပြိုင်ပွဲများအပြီး ဆုပေးပွဲ အခမ်းအနားကို      ဆက်လက် ပြုလုပ်မည်ဖြစ်သဖြင့် ပိုက်ကျော် ခြင်း အားကစားနည်းကို စိတ်ပါ ဝင်စားသည့်   မည်သူမဆိုအခမဲ့          လာရောက်   ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။      
         

အားကာမောင်