တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်

 

နေပြည်တော်   ဇူလိုင်  ၉


၂၀၂၂   ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌  ကျင်းပလျက်ရှိရာ ယနေ့ နံနက်  ၈  နာရီမှစတင်၍ နှစ်ယောက်တွဲ အသင်းလိုက် (အမျိုးသား)   အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက      ကယားပြည်နယ်အသင်းကို  သုံးပွဲပြတ်၊ နေပြည်တော်ကောင်စီနယ်မြေ အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ မွန်ပြည် နယ်အသင်းက  မကွေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊    ရန်ကုန် တိုင်းဒေသကြီးအသင်းက  ရှမ်းပြည်နယ်အသင်းကို  နှစ်ပွဲ-တစ်ပွဲ၊     ရခိုင်ပြည်နယ်အသင်းက  တနင်္သာရီတိုင်းဒေသကြီးအသင်းကို  သုံးပွဲ ပြတ်၊  ကချင်ပြည်နယ်အသင်းက  ချင်းပြည်နယ်အသင်းကို  သုံးပွဲပြတ်၊  မန္တလေးတိုင်းဒေသကြီးအသင်းက     ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်၊ ပဲခူးတိုင်းဒေသကြီးအသင်းက     စစ်ကိုင်းတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲ-တစ်ပွဲ၊  နေပြည်တော်ကောင်စီနယ်မြေအသင်းက ကရင် ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

 


ထို့နောက်    ကွာတားဖိုင်နယ်ပွဲစဉ်များကို   ဆက်လက်ယှဉ်ပြိုင် ကစားကြရာ   မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသ ကြီးအသင်းကို နှစ်ပွဲ-တစ်ပွဲ၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ရခိုင်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။

 


တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်တွင် နှစ်ယောက်တွဲအသင်းလိုက်(အမျိုးသား)ပြိုင်ပွဲ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ တွင် နံနက် ၈ နာရီမှစတင်၍    ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့်  မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်သည်။                

 

အားကာမောင်