
နေပြည်တော် ဇူလိုင် ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ ယနေ့နံနက် ၈ နာရီမှစတင်၍ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးသည်။
ယနေ့ပြိုင်ပွဲနှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုး သား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို နှစ်ပွဲ - တစ်ပွဲ၊ မန္တလေးတိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲ - တစ်ပွဲ ဖြင့် အနိုင်ရပြီး တတိယလုပွဲ ပွဲစဉ်အဖြစ် ရန်ကုန် တိုင်းဒေသကြီး အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ပွဲ - တစ်ပွဲဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်း ဒေသကြီးအသင်းကို နှစ်ပွဲ- တစ်ပွဲဖြင့် အနိုင်ရကာ ပထမဆုကို စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဆွတ်ခူးခဲ့သည်။
ဆက်လက်၍ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုး သမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန် တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်း ကို နှစ်ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ဧရာဝတီ တိုင်းဒေသကြီးအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရကာ တတိယလုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းက နှစ်ပွဲ - တစ်ပွဲ၊ ဗိုလ်လုပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်းက ဆွတ်ခူးခဲ့သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ သုံးယောက်တွဲ အဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားလျက်ရှိပြီး ဇူလိုင် ၁၄ ရက်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံတွင် နံနက် ၈ နာရီမှ စတင်၍ ဆက်လက်ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သဖြင့် အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
အားကာမောင်