တိုင်းဒေသကြီး/ပြည်နယ် ၉ ခုရှိ မြို့နယ် ၄၆ မြို့နယ်မှ စာသင်ကျောင်းများမှလွဲ၍ ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာကျောင်းများအား ၁-၁၁-၂၀၂၁ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးကြေညာချက် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက် (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်) ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ် ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်တွေ့ရှိမှု၊ လွန်ခဲ့သော (၁၄)ရက်အတွင်း လူဦးရေ တစ်သိန်းလျှင် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ ရာခိုင်နှုန်းများကို သုံးသပ်ဆန်းစစ်၍ တိုင်းဒေသကြီး/ပြည်နယ် (၉)ခုမှ အောက်ဖော်ပြပါမြို့နယ် (၄၆)မြို့နယ်ရှိ စာသင်ကျောင်းများကို ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ပြီး ကျန်မြို့နယ်များအားလုံးမှ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပါအဝင်)အား ၁-၁၁-၂၀၂၁ ရက်နေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်- (၁) ကချင်ပြည်နယ် (က) နောင်မွန်းမြို့နယ်၊ ( ခ) ပူတာအိုမြို့နယ်၊ ( ဂ) ဗန်းမော်မြို့နယ်၊ (ဃ) မိုးကောင်းမြို့နယ်၊ ( င) မိုးညှင်းမြို့နယ်၊ ( စ) ချီဖွေမြို့နယ်။ (၂) ကယားပြည်နယ် (က) ဖားဆောင်းမြို့နယ်၊ ( ခ) ဘောလခဲမြို့နယ်၊ ( ဂ) မယ်စဲ့မြို့နယ်။ (၃) ကရင်ပြည်နယ် (က) ဖာပွန်မြို့နယ်၊ ( ခ) သံတောင်ကြီးမြို့နယ်။ (၄) ချင်းပြည်နယ် (က) ဖလမ်းမြို့နယ်၊ ( ခ) ဟားခါးမြို့နယ်။ (၅) စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်။ (၆) မကွေးတိုင်းဒေသကြီး (က) ဆောမြို့နယ်၊ ( ခ) ထီးလင်းမြို့နယ်၊ ( ဂ) ကံမမြို့နယ်၊ (ဃ) ဆင်ပေါင်ဝဲမြို့နယ်။ (၇) မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်။ (၈) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်။ (၉) ရှမ်းပြည်နယ် (က) နောင်ချိုမြို့နယ်၊ ( ခ) ကျိုင်းတုံမြို့နယ်၊ ( ဂ) မိုင်းဖြတ်မြို့နယ်၊ (ဃ) မိုင်းယောင်းမြို့နယ်၊ ( င) ဆီဆိုင်မြို့နယ်၊ ( စ) ပင်းတယမြို့နယ်၊ (ဆ) ပင်လောင်းမြို့နယ်၊ ( ဇ) ရပ်စောက်မြို့နယ်၊ ( ဈ) ဟိုပုံးမြို့နယ်၊ (ည) ကွတ်ခိုင်မြို့နယ်၊ ( ဋ) နမ့်ခမ်းမြို့နယ်၊ ( ဌ) မဘိမ်းမြို့နယ်၊ ( ဍ) မိုင်းဆတ်မြို့နယ်၊ ( ဎ) မိုင်းတုံမြို့နယ်၊ (ဏ) ကွမ်းလုံမြို့နယ်၊ (တ) လားရှိုးမြို့နယ်၊ (ထ) သိန္နီမြို့နယ်၊ ( ဒ) မိုးနဲမြို့နယ်၊ ( ဓ) မိုင်းပန်မြို့နယ်၊ ( န) မောက်မယ်မြို့နယ်၊ ( ပ) လင်းခေးမြို့နယ်၊ ( ဖ) ကွန်ဟိန်းမြို့နယ်၊ ( ဗ) နမ့်စန်မြို့နယ်၊ (ဘ) မိုင်းရှူးမြို့နယ်၊ ( မ) လဲချားမြို့နယ်၊ (ယ) လွိုင်လင်မြို့နယ်။