တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ မြို့နယ်အချို့အား မိမိနေအိမ်တွင်နေထိုင်ရန် (Stay at home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ်၊  ၅၂၂/ ၂၀၂၁
၁၃၈၃ ခုနှစ်၊  တန်ဆောင်မုန်းလပြည့်ကျော်  ၆  ရက်
(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၂၄  ရက်)

 


ကျန်းမာရေးဝန်ကြီးဌာနသည်  ကူးစက်ရောဂါများ  ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

 


၁။    ကျန်းမာရေးဝန်ကြီးဌာနသည်    လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ   (Coronavirus   Disease  2019 – COVID-19)    ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  အချိန်နှင့် တစ်ပြေးညီ  ဆောင်ရွက်လျက်ရှိရာ  ရောဂါကူးစက်ပျံ့နှံ့မှုကို  ပိုမို ထိရောက်စွာ  ထိန်းချုပ်နိုင်ရန်  နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ သက်ဆိုင်ရာမြို့နယ်များမှ ရောဂါကူးစက်မှု များပြားသော မြို့နယ်များအတွင်းရှိ ပြည်သူများအနေဖြင့် မိမိနေအိမ် တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်များထုတ်ပြန်ကြေညာခဲ့ပါသည်။ 

 

၂။    သို့ရာတွင် သက်ဆိုင်ရာမြို့နယ်များအတွင်း နေထိုင်သည့် ပြည်သူ များအနေဖြင့် COVID-19 ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို တိကျစွာလိုက်နာသဖြင့် လွန်ခဲ့သော(၁၄)ရက်အတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ ဓာတ်ခွဲအတည်ပြုလူနာများမှာလည်း တစ်ဦးမှတစ်ဦးသို့ အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်း၊ Stay at home အစီအစဉ် ဆောင်ရွက်စဉ်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများအား  သက်ဆိုင်ရာအစိုးရဌာန၊  အဖွဲ့အစည်းများနှင့် ပြည်သူများက အလေးထားဆောင်ရွက်ခဲ့ခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာနှင့်    ထိတွေ့ဆက်စပ်ခဲ့သူအားလုံးကို   ရှာဖွေဖော်ထုတ်၍ ဓာတ်ခွဲနမူနာရယူ စစ်ဆေးရာတွင်လည်း လွန်ခဲ့သော(၁၄)ရက်အတွင်း ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နှီးနွှယ်သည့်ဌာန၊ အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူလူထုက ရောဂါကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့မှုများ ကြောင့် ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ်တွေ့ရှိရ ပါသည်။

 

၃။    သို့ဖြစ်ပါ၍   အောက်ဖော်ပြပါ  တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ မြို့နယ်များမှ နေထိုင်သော ပြည်သူများအနေဖြင့် ၂၅-၁၁-၂၀၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် (Stay at home)  အစီအစဉ်တွင်  အကျုံးဝင်ခြင်းမှ  ပယ်ဖျက်လိုက် သည်-


    (က)    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်
        (၁)    ဇမ္ဗူသီရိမြို့နယ်၊ 
        (၂)    ပျဉ်းမနားမြို့နယ်၊ 
        (၃)    လယ်ဝေးမြို့နယ်၊ 
        (၄)    တပ်ကုန်းမြို့နယ်။    
    (ခ)    ကချင်ပြည်နယ်
        (၁)    ရွှေကူမြို့နယ်၊ 
        (၂)    မိုးကောင်းမြို့နယ်၊ 
        (၃)    မြစ်ကြီးနားမြို့နယ်၊      
        (၄)    ဝိုင်းမော်မြို့နယ်။
    (ဂ)    ကယားပြည်နယ်
        (၁)    လွိုင်ကော်မြို့နယ်။
    (ဃ)    ကရင်ပြည်နယ် 
        (၁)    မြဝတီမြို့နယ်။
    (င)    ချင်းပြည်နယ်
        (၁)    တီးတိန်မြို့နယ်။        
    (စ)    မကွေးတိုင်းဒေသကြီး
        (၁)    နတ်မောက်မြို့နယ်။         
    (ဆ)    မန္တလေးတိုင်းဒေသကြီး
        (၁)    မြစ်သားမြို့နယ်၊
        (၂)    မတ္တရာမြို့နယ်၊ 
        (၃)    သပိတ်ကျင်းမြို့နယ်၊         
        (၄)    မိတ္ထီလာမြို့နယ်၊          
        (၅)    ငါန်းဇွန်မြို့နယ်၊ 
        (၆)    တောင်သာမြို့နယ်။                    (ဇ)    မွန်ပြည်နယ်
        (၁)    ချောင်းဆုံမြို့နယ်။            
    (ဈ)    ရှမ်းပြည်နယ်
        (၁)    နောင်ချိုမြို့နယ်၊
        (၂)    သီပေါမြို့နယ်၊ 
        (၃)    ကျိုင်းတုံမြို့နယ်၊
        (၄)    ညောင်ရွှေမြို့နယ်၊
        (၅)    တောင်ကြီးမြို့နယ်၊ 
        (၆)    ရပ်စောက်မြို့နယ်၊
        (၇)    မူဆယ်မြို့နယ်၊
        (၈)    လားရှိုးမြို့နယ်၊ 
        (၉)    လောက်ကိုင်မြို့နယ်။            

 

၄။    အထက်ပါမြို့နယ်များအား   Stay  at  home  အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင် သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်သည်။ 

    ဒေါက်တာသက်ခိုင်ဝင်း
    ပြည်ထောင်စုဝန်ကြီး