တိုင်းပြည်အင်အား

 

ကမ္ဘာပေါ်ရှိ   နိုင်ငံတိုင်းသည်   မိမိတို့၏   ပိုင်နက်နယ်နိမိတ်၊ လွတ်လပ်ရေးနှင့်   အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ အတွက် မိမိတို့၏ ကာကွယ်ရေးစွမ်းအားကို တောင့်တင်းခိုင်မာ အောင် တည်ဆောက်ထားကြရသည်။ နိုင်ငံတော်ကာကွယ်ရေး စွမ်းအားစုဖြစ်သော တပ်မတော်အင်အားချည့်နဲ့ပါက နိုင်ငံကို ကာကွယ်နိုင်စွမ်းလည်း      ကင်းမဲ့ကာ      ပိုင်နက်နယ်မြေကို ကျူးကျော်မှု၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိပါး မှုတို့ ပေါ်ပေါက်လာမည်ဖြစ်သည်။


မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်သည် သာမန်အားဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သည့်တပ်    မဟုတ်ဘဲ    လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်ယှဉ်၍ ပေါ်ပေါက်လာခဲ့သည့် တပ်မတော် မျိုးဖြစ်သည်။ နိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခဲ့ရပြီး နယ်ချဲ့လက်အောက်တွင် နှစ်ပေါင်း ၁၀၀ ကျော် ဖိနှိပ်ခံခဲ့ရသည့်ဘဝမှ လွတ်မြောက်နိုင်ရန်၊ နယ်ချဲ့ကို တိုက်ထုတ် နိုင်ရန်အတွက်     တိုင်းရင်းသားလူမျိုးပေါင်းစုံ    ပါဝင်သည့်  တပ်မတော်ကို  ထူထောင်ခဲ့ရခြင်းဖြစ်သည်။  တပ်မတော်နှင့် ပြည်သူလူထုတို့ လက်တွဲကာ နယ်ချဲ့ဗြိတိသျှလက်အောက်မှ မြန်မာနိုင်ငံ   လွတ်လပ်ရေးရရှိပြီးသည့်အခါတွင်လည်း   မရှေး မနှောင်းကာလအတွင်းမှာပင်    ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့ရာ   ရရှိထားသည့်   လွတ်လပ်ရေး  ပြန်လည် လက်လွတ်ဆုံးရှုံးမှုမဖြစ်စေရန်၊ နိုင်ငံအစိတ်စိတ်အမြွှာမြွှာ  ပြိုကွဲ မသွားစေရန်အတွက် အသက်၊ သွေး၊ ချွေးများစွာကို အရင်း အနှီးပြု၍    တပ်မတော်က   ရောင်စုံသောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။


တစ်ဆက်တည်းမှာပင် ၁၉၅၀ - ၁၉၆၁ ခုနှစ်ကာလအတွင်း ပြည်ပမှ ကျူးကျော်လာသူ ကူမင်တန် (တရုတ်ဖြူ) များ၊ ရခိုင် ပြည်နယ်အတွင်း လှုပ်ရှားနေသည့် ကုလားဆိုးသောင်းကျန်း သူများကိုပါ တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီးကာလ ဆယ်စုနှစ်များအလိုက် ပြန်လည်လေ့လာကြည့် ပါက မြန်မာ့တပ်မတော်သည် စတင်တည်ထောင်ခဲ့သည်မှစ၍ လွတ်လပ်ရေးရရှိပြီးနောက်       သမိုင်းတစ်လျှောက်လုံးတွင် ပြည်တွင်း၊ ပြည်ပအန္တရာယ်များစွာတို့ကို အသက်၊ သွေး၊ ချွေး များစွာ စွန့်လွှတ်စွန့်စားပေးဆပ်လျက် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို စွမ်းစွမ်းတမံကာကွယ်စောင့်ရှောက်ခဲ့ သည်ကို တွေ့ရှိနိုင်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုမှ စတင်ကာ   ခေတ်အဆက်ဆက်  မြန်မာ့နိုင်ငံရေးတွင်ပါဝင်ခဲ့သည့်  မြန်မာ့ တပ်မတော်သည် တိုင်းရင်းသားပြည်သူလူထုအတွင်းမှ ပေါက်ဖွား လာသည့် ရင်နှစ်သည်းချာများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။


ပစ္စုပ္ပန်ကာလတွင် ပြည်သူတို့၏ဆန္ဒနှင့်အညီ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရာတွင်  အခြေခံလိုအပ်ချက်ဖြစ်သည့်  ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများကို တပ်မတော်က အလေးထား ဆောင် ရွက်လျက်ရှိသည်။ တပ်မတော်၏  ငြိမ်းချမ်းရေးရပ်တည်ချက် သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)  လမ်းကြောင်းပေါ်တွင်   ခိုင်ခိုင်မာမာရပ်တည် လျှောက်လှမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် မူဝါဒ (၆)ရပ်ကို ချမှတ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် တပ်မတော်က ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
တပ်မတော်သည်   မည်သည့်ခေတ်၊   မည်သည့်အစိုးရပင် ဖြစ်စေ  “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ”ဟု  ခံယူပြီး  နိုင်ငံ တော်ကို ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်ရန်အတွက်   ထိန်းသိမ်းစောင့်ရှောက်ပေးသူ၊  ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲ     ဆက်လက်တည်ရှိနေမည်ဖြစ်ရာ      “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” ဖြစ်သည့်အလျောက် ပြည်သူလူထုတစ်ရပ်လုံးက      တစ်တပ်တစ်အား      ပူးပေါင်း ပါဝင်ကာ     တိုင်းပြည်အင်အားကို     ခိုင်မာတောင့်တင်းပါစေ ကြောင်း။         ။