တိုင်းပြည်၏အမျိုးသားရေး ဖြန့်ကြက်ကာကွယ်ပေး

“ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့  လက်ရှိနိုင်ငံရေးအခြေအနေအရ တချို့နေရာတွေမှာ အခက်အခဲရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဖြန့်လို့ရတဲ့သူတွေကို ကျွန်တော်တို့က Distribution ပြန်လုပ်မှာ ပေါ့။ များတဲ့နေရာကနေပြီးတော့ နည်းတဲ့နေရာကို၊ မရှိတဲ့နေရာကို သွားဖို့တစ်ခု ရှိမယ်။ နောက်တစ်ခုက  အဲဒီလိုမှမရဘူးဆိုရင် ကျွန်တော်တို့က ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့  ခန့်ထားဖို့လည်း   စီမံပေးထားတာ၊    မှာထားတာရှိပါတယ်။ ဒါလည်း ဆက်လက်အကောင်အထည်ဖော်ဖို့  လိုပါလိမ့်မယ်။ တပ်မတော်က နေပြီးတော့၊ ပြီးတော့ ခုနက Distribution ဆိုတဲ့ နေရာမှာလည်း တပ်မတော်ဘက်က သူတွေလည်း ပါပါတယ်။ ကျွန်တော်တို့လည်း အကုန်လုံးမျှပြီးတော့ ပေးသွားမှာပါ။ အကုန်လုံး စုပြုံပြီးတော့ တပ်မတော်ဆေးရုံမှာပဲ cover လုပ်နေလို့လည်း မရပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့အမျိုးသားရေး ဖြစ်ပါတယ်”   ဟု   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဇူလိုင်လ ၉ ရက်နေ့က ပြောကြားခဲ့သည်။


ကိုဗစ်-၁၉ ရောဂါသည်  နိုင်ငံ့အရေးဖြစ်၍   အားလုံးဖြန့်ကြက်၍    ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။  လိုအပ်သည့်ကျန်းမာရေးဝန်ထမ်းများကို အမြန်ဆုံး တွက်ချက်၍ စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုသရေးအပိုင်းတွင် နိုင်ငံအတွင်း ရှိ ဆေးရုံများအားလုံးကို ပြီးခဲ့သည့်လကတည်းက ကြိုတင်စီမံပြင်ဆင်ဆောင်ရွက် နေသည်ကို တွေ့ရသည်။ ရောဂါဖြစ်ပွားမှုအခြေအနေကို ခန့်မှန်းသုံးသပ်၍ ဆေးရုံ များကို   ပြင်ဆင်ဆောင်ရွက်ထားသည်။   ပြည်သူလူထုကျန်းမာရေး   ကာကွယ် စောင့်ရှောက်မှုပေးနိုင်ရေးအတွက် အားလုံးတပ်လှန့်နှိုးဆော်ဆောင်ရွက်လျက် ရှိ သည်။ ကိုဗစ်-၁၉ ထိတွေ့ကူးစက်ခံထားရသူများအား ဆေးရုံများနှင့်စင်တာအသီးသီး တွင် လက်ခံကုသပေးနေသည်။ ထပ်မံကူးစက်ခံရသူများကို လက်ခံကုသပေးနိုင်ရေး အတွက် ဆေးရုံများ၊ စင်တာများတွင် အိပ်ရာ၊ ခြင်ထောင်များနှင့်  တစ်ကိုယ်ရေသုံး ပစ္စည်းများ၊  အစားအသောက်ကျွေးမွေးရေးနှင့်   အောက်ဆီဂျင်လိုအပ်နေမှုများ အတွက် ပြင်ဆင်ဆောင်ရွက်ထားသည်။


ယခုအခါတွင် ရောဂါကူးစက်ခံရသူများ တစ်နေ့တခြားတိုးပွားနေပြီး သေဆုံး သူအရေအတွက်မှာလည်း တစ်နေ့လျှင်  ပျမ်းမျှဆယ်ဂဏန်းတိုးနေ၍ ပြည်သူများ အနေဖြင့် စိုးရိမ်မှုပိုမိုလာသည်။ ပြည်သူလူထုအတွင်း မိမိတို့ဘာသာ သံသယရှိလာ လျှင်သော်လည်းကောင်း၊ ရောဂါဖြစ်ပွားမှုနှင့် အလားတူဆင်တူနေလျှင်သော်လည်း ကောင်း    မိမိတို့အစီအစဉ်ဖြင့်     ရောဂါကြိုတင်ကာကွယ်ရေးကို ဆောင်ရွက်နေ ကြသည်ကို     တွေ့ရသည်။     ကြိုတင်ကာကွယ်ခြင်းသည်  အကောင်းဆုံးဖြစ်သော် လည်း   စိုးရိမ်မှုလွန်ကဲပါက  မလိုလားအပ်သော   ပြဿနာများရှိလာနိုင်သည်။ လက်ရှိတွင် ပြည်သူလူထုအတွင်း၌ အောက်ဆီဂျင်အိုးပြဿနာများ ဖြစ်ပေါ်နေသည် ကို တွေ့ရသည်။ အောက်ဆီဂျင်ရရှိရေးအတွက် နိုင်ငံတော်အပိုင်းမှ ဆောင်ရွက်ပေးမှု များရှိသလို ပုဂ္ဂလိကပိုင်းကလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ အောက်ဆီ ဂျင်လိုအပ်မှုသည် ရောဂါဝေဒနာ လက်တွေ့ခံစားနေရသူများအား ဖြည့်ဆည်းပေးရန် လိုအပ်ပြီး   စိုးရိမ်ပူပန်မှုဖြင့်    ကြိုတင်ဝယ်ယူထားခြင်းဖြင့်   မလိုလားအပ်သော အခက်အခဲများ ရှိလာနိုင်သည်။


နိုင်ငံတော်အစိုးရက ရောဂါဖြစ်ပွားနေသူများအား ဦးစားပေးပြီး အောက်ဆီဂျင် လိုအပ်မှုကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ အောက်ဆီဂျင်စီမံကိန်း များ အမြန်ဆုံး စွမ်းအားပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးနှင့် အောက်ဆီဂျင်အရည် များ  ဖြည့်တင်းနိုင်ရေး၊    ထုတ်လုပ်နိုင်ရေးကို   စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။ စက်မှုလုပ်ငန်းသုံး အောက်ဆီဂျင်စီမံကိန်းများကိုလည်း အသင့်လုပ်ဆောင်ထားရာ ဥပမာအားဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ စက်မှုလုပ်ငန်းမှ ဖြည့်ဆည်းပေး နိုင်ရေးကို   ဆောင်ရွက်နေပြီဖြစ်သည်။   ကန့်သတ်စောင့်ကြည့်ရမည့်သူများအား နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက်  တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များက ကြိုတင်ပြင်ဆင်ထားသည်။ မြန်မာနိုင်ငံတွင် တပ်ရင်း၊ တပ်ဖွဲ့များသည် မြို့နှင့်ဒေသ အများစုတွင်ရှိသောကြောင့် ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။


ရှိပြီးဖြစ်သည့် လူနာတင်ယာဉ်များကို အမှန်တကယ်အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီး အရေးပေါ်လူနာများ ရွှေ့ထုတ်ရေး၊ အချိန်မီသယ်ဆောင်နိုင် ရေးကို အထူးလိုအပ်ပါက တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့်ဆောင်ရွက် နိုင်ပါရန် စီစဉ်ဆောင်ရွက်ထားသည်။ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဦးစားပေးအစီအစဉ်အလိုက် ဖြန့်ကြက်ထိုးနှံနိုင်ရေးကို စီစဉ်ထားသည်။ နိုင်ငံ့အရေး ယခုကိစ္စများကို   အမျိုးသားရေးစိတ်ထားဖြင့်     ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပြီး စေတနာဖြင့်  ဝိုင်းဝန်းဆောင်ရွက်ကြသူများကို ကျေးဇူးတင်ရမည်ဖြစ်ပြီး  ရောဂါ ဖြစ်ပွားနေမှုများကို  ခုတုံးလုပ်၍   ဖျက်လိုဖျက်ဆီးလုပ်နေသူများ၊    အသုံးချသူများ အနေဖြင့် ထုတ်ဖော်အရေးယူခြင်းခံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ သို့ဖြစ် ရာ ယခုအခြေအနေသည် တိုင်းပြည်၏အမျိုးသားရေးဖြစ်၍ စေတနာအပြည့်ဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။         ။