
ကိုရင်မောင်
ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၂၁ ဇွန်လ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အဆိုမူကြမ်းတစ်ခုအပေါ် မဲခွဲဆုံးဖြတ်ပြီးတဲ့နောက်တစ်နေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာ “Resolution for a return to democracy and respect for fundamental rights in Myanmar” ခေါင်းစဉ်ပါ အဆိုမူကြမ်းကို အတည်ပြုချမှတ်ခဲ့ပါတယ်။ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကို အသုံးချခဲ့တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ များစွာ စိတ်မကောင်းဖြစ်မိပါတယ်။
အပြစ်ရှာစွပ်စွဲ
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ချမှတ်ခဲ့တဲ့ အဆိုမူကြမ်းသာမက အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံမှာ အဆိုမူကြမ်းတွေဟာ ကာယကံရှင် မြန်မာနိုင်ငံရဲ့ မျက်ကွယ်မှာ ရေးဆွဲအတည်ပြုတာဖြစ်လို့ အဆို မူကြမ်းရဲ့ အကြောင်းအရာတွေဟာ တစ်ဖက်သတ်ဆန်ပြီး လိုရာရေးဆွဲ ထားတဲ့ အချက်အလက်တွေနဲ့ ဖန်တီး ထားတာတွေပါတာ အံ့အားသင့်စရာ တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်တွေ၊ တစ်ဖက်သတ်ဆန်တဲ့ အဆိုမူကြမ်းတွေ ချမှတ်ခဲ့တာဟာ ယခုမှ မဟုတ်ပါဘူး။ ရှေးအစဉ်အဆက် အစိုးရ အဆက်ဆက်တွေ လက်ထက်ကတည်း က အမျိုးမျိုးအဖုံဖုံ အပြစ်ရှာစွပ်စွဲ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
အလိုကျဖန်တီး
စစ်အေးလွန်ကာလမှာ ကမ္ဘာ့နိုင်ငံ ရေးဇာတ်ခုံဟာ မရိုးရှင်းတော့ပါဘူး။ ကမ္ဘာကြီး ငြိမ်းချမ်းသာယာရေး၊ တရား မျှတမှုနဲ့ လူ့အခွင့်အရေးကို ရှေးရှု ဖော်ဆောင်ပေးနေပါတယ်ဆိုတဲ့ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးနဲ့ လက် အောက်ခံအဖွဲ့အစည်းတွေဟာ အလို မကျတဲ့ ကမ္ဘာ့နိုင်ငံငယ်တွေအပေါ်မှာ မမျှတတဲ့ ဘက်လိုက်လုပ်ဆောင်မှုတွေ ပြုလုပ်လာကြပါတယ်။ အနောက် အင်အားကြီးနိုင်ငံကြီးတွေရဲ့ မဟာဗျူဟာ နိုင်ငံရေးကစားကွင်းအဖြစ် တစ်နေ့ထက် တစ်နေ့ ပိုမိုပီပြင်လာတဲ့ မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေပါ ပါဝင်ကစားလာကြ တာကို တွေ့ရပါတယ်။ အနောက် အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဘက် နိုင်ငံကြီးကို အနီးကပ်ထိန်းချုပ်နိုင်ဖို့နဲ့ အိုအိုင်စီနိုင်ငံတွေ အလိုကျဖန်တီးနိုင်ဖို့ အတွက် မြန်မာနိုင်ငံကို စိတ်ဝင်စား ရခြင်းဖြစ်ပါတယ်။
အလုံးစုံပျက်စီး
ယနေ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဇာတ်ကောင်ရော၊ ဇာတ်ပို့တွေပါ ဟန်ချက်ညီညီ လှုပ်ရှားနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကောင် တွေကတော့ ဘယ်သူတွေလဲဆိုတာကို အထွေအထူးပြောစရာ မလိုတော့ပါ။ ပြည်တွင်းဇာတ်ပို့တွေက အစွန်းရောက် နိုင်ငံရေးသမားတွေအပါအဝင် နယ်ပယ် စုံ၊ ကဏ္ဍစုံက လှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။ ပြည်ပဇာတ်ပို့တွေက ကုလ သမဂ္ဂအဖွဲ့အစည်းကြီးမှအစ လက် အောက်ခံ အဖွဲ့အစည်းတွေ၊ အနောက် နိုင်ငံက အဖွဲ့အစည်းအချို့နဲ့ သံတမန် အချို့တို့ ပါဝင်ကြပါတယ်။
ဇာတ်ကောင်၊ ဇာတ်ပို့တွေရဲ့ ဟန်ချက်ညီညီလှုပ်ရှားမှု၊ အနောက် နိုင်ငံတွေ အထောက်အပံ့နဲ့ ခြေရှုပ် စွက်ဖက်မှုမျိုးစုံတွေဟာ ၁၉၈၈ ခုနှစ် ကတည်းက စလာလိုက်တာ ယခုအချိန် ထိ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ မြန်မာနိုင်ငံကို NLD တာဝန်ယူခဲ့ပြီး နောက် ၂၀၂၀-၂၀၂၁ ကာလတွေမှာတော့ မြန်မာ့နိုင်ငံရေး လှိုင်းတံပိုးဟာ အပြင်း ထန်ဆုံးအချိန်လို့ ဆိုရမှာဖြစ်ပါတယ်။ ယနေ့ကာလ နိုင်ငံရေးခြေလှမ်းတွေကို မှန်းဆကြည့်မယ်ဆိုရင် အခုအချိန်မှာ နိုင်ငံကို မကာကွယ်နိုင်ရင် နောင် လာမယ့်ကာလတွေမှာ တိုင်းပြည်ဟာ အလုံးစုံ ပျက်စီးသွားမှာ သေချာပါ တယ်။
မလွန်ဆန်နိုင်
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းတွေထဲမှာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေသာ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေကြတယ်လို့ ထင်ရ ပေမယ့် လက်တွေ့မှာ အဖွဲ့တွေအားလုံး လိုလို ပါဝင်ကြပါတယ်။ အဲဒီထဲမှာ ယခု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ရဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လွန်ကာလတွေ ကတည်းက လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းတွေဟာ လောက ကောင်းကျိုး၊ လူသားကောင်းကျိုး ရှေးရှု ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေ ဖြစ်တာကြောင့် ရည်ရွယ်ချက်က ကောင်းမွန်သလို လက်တွေ့လည်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေ ရပ်တည် လှုပ်ရှားနိုင်ရေးအတွက် အထောက်အပံ့ ပေးနေတဲ့ နိုင်ငံတွေရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်နိုင်တာကို လက်တွေ့ တွေ့မြင် နေရပါတယ်။
မျက်နှာဖုံးစွပ်
ကမ္ဘာနဲ့အဝန်း ဗိုလ်ကျစိုးမိုးရေးဝါဒ ကျင့်သုံးရာမှာ နိုင်ငံကြီးငယ်မရွေး အခွင့် အရေး ပေါ်ရင်ပေါ်သလို လက်တံ ကြီးငယ်၊ အကြောင်းအမျိုးမျိုးဖြန့်ပြီး ခပ်သွက်သွက် ဝင်ရောက်စွက်ဖက်ကြ ပါတယ်။ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တဲ့ လုပ်ငန်းစဉ်တွေမှာ သူခိုး ဓားရိုးကမ်းတဲ့ ပြည်တွင်းက အမျိုးသား သစ္စာဖောက်တွေကို အသုံးချလေ့ရှိပါ တယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပ ကပဲဖြစ်ဖြစ် လက်သပ်မွေးသူတွေ၊ ကျေးဇူးခံတွေ ပေါ်ပေါက်လာကြပါ တယ်။ ကမ္ဘာသူ၊ ကမ္ဘာသားများ၊ ပြည်သူ များ လက်ခံနားလည်လွယ်တဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ အကြမ်းမဖက်ရေး တွေကို မျက်နှာဖုံးစွပ်ပြီး မြန်မာပြည်ကို ဖျက်ဆီးရန် ခြိမ်းခြောက်လာကြပါတယ်။ ဖိအားပေး၊ အကျပ်ကိုင်မှုတွေ လုပ်ဆောင် လာကြပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလ ၁၉၉၈ ခုနှစ်က မြန်မာ့နိုင်ငံရေးမှာ ပြည်ပကနေ FTUB ဆိုတဲ့ အလုပ်သမား တွေကို အသုံးချတဲ့အဖွဲ့အနေနဲ့ ခေါင်းစဉ် တပ်ပြီး အကြမ်းဖက်လုပ်ရပ်နဲ့ လက်နက် ကိုင် သောင်းကျန်းသူတွေဘက်က ရပ်တည်ခဲ့တာ ရှိခဲ့ပါတယ်။ ပြည်ပြေး အုပ်စုတွေဟာ တစ်ဖက်နိုင်ငံမှာ ရုံးဖွင့် ထားတဲ့ Asian American Free Labour Institute (AAFLI)ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြိုးပမ်း စဉ်မှာ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အလုပ်သမားအရေးကို အကြောင်းပြ ထားတဲ့ အမေရိကန်အလုပ်သမားအဖွဲ့ အမည်ခံအဖွဲ့အစည်းဟာ မြန်မာနိုင်ငံ ပျက်စီးရေးကို ဦးတည်ခဲ့ပါတယ်။ မြန်မာပြည်ဖျက်စီမံကိန်းကို အကောင် အထည်ဖော်ရာမှာ နိုင်ငံအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ အထောက် အထားတွေ အများကြီးရှိပါတယ်။
ခြိမ်းခြောက်ခဲ့
၁၉၉၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က အင်္ဂလန်နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံး ဒုတိယဝန်ကြီးတစ်ဦး ကမကထလုပ်တဲ့ ဒီမိုကရေစီကျိတ်ဝိုင်း တစ်ခုမှာ နောက်သုံးလအတွင်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ လူမှုရေးနဲ့ ဒီမိုကရေစီရေးအပါအဝင် လူ့အခွင့်အရေး ဆိုင်ရာတွေ အပြောင်းအလဲမရှိဘူးဆိုရင် ILO လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကနေ ထုတ်ပယ်ပစ်တဲ့ အထိ လုပ်ဆောင်မယ်လို့ ကြိမ်းဝါးခဲ့ပါ တယ်။ ပြီးတော့ မြန်မာအစိုးရကို ဆွဲဆောင်ဦးမယ်လို့ နွဲ့ပြခဲ့ပါတယ်။ နောက်တစ်ခါ ဆွဲဆောင်လို့မရဘူးဆိုရင် ဥရောပသမဂ္ဂကို မြန်မာနိုင်ငံနဲ့ ကုန်သွယ် ရေး ရင်းနှီးမြှုပ်နှံမှုအပါအဝင် ခရီးသွား လုပ်ငန်းတွေ မလုပ်ဖို့တိုက်တွန်းမယ်၊ အရာထမ်းတွေကို ပြည်ဝင်ခွင့် ကန့်သတ် မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
စွက်ဖက်ဖျက်ဆီး
အင်အားကြီးသူတို့ လွှမ်းမိုးထားတဲ့ အလုပ်သမားအဖွဲ့နဲ့ အလားတူအဖွဲ့ တွေဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေ အနေကို မျက်ကွယ်ပြုကာ ဖိအားပေး တာ၊ အပုပ်ချစွပ်စွဲတာတွေဟာ ကမ္ဘာ့ နိုင်ငံတွေကို လှည့်ဖြားပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက် နေတာကို သတိပြုဆင်ခြင်ဖွယ် တွေ့နေ ရပါတယ်။ မိသားစုတွေ စုဝေးနေထိုင်တဲ့ အိမ်တစ်အိမ်ကို တစ်စုံတစ်ရာဖျက်ဆီး ခံရတာဟာ အတွင်းလူပါတာကြောင့် ဖြစ်ပါတယ်။ သာမန်အားဖြင့် အပြင်က လူက အတွင်းကိုထိုးဖောက်ဝင်ရောက် ဖျက်ဆီးဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါ တယ်။ အိမ်တွင်းလူ သစ္စာဖောက်လို့ပဲ ဖြစ်ဖြစ်၊ ရူးကြောင်ကြောင် မဆင်မခြင် လုပ်မိ၍ဖြစ်ဖြစ်၊ အပြင်လူနဲ့ပေါင်းပြီး အမြတ်ထုတ်လို့ပဲဖြစ်ဖြစ် အတွင်းစည်း လုံခြုံရေးကျိုးပေါက်လို့သာ အလွယ် တကူ စွက်ဖက်ဖျက်ဆီးနိုင်တာ ဖြစ်ပါ တယ်။
လှုံ့ဆော်ချဲ့ကား
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနေရာက နေ ၂၀၂၀ ရွေးကောက်ပွဲ မူမမှန်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။ အခုလည်း အတွင်း လူမကောင်းတာကြောင့် အပြင်လူက စွက်ဖက်ဖို့ လုပ်လာပါတယ်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ အဆိုမူကြမ်း မှာ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်သူတွေ နဲ့ အကြမ်းဖက်အဖျက်သမားတွေကို ခွဲခြားခြင်းမရှိဘဲ ပြည်တွင်းက ခိုင်လုံမှု မရှိတဲ့ သတင်းအရင်းအမြစ်တွေက ကိန်းဂဏန်းတွေနဲ့ သက်သေထုတ်ထား ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ အများပြည်သူတွေ အကြမ်းဖက်မှုတွေကို အားပေးဖို့၊ ပါဝင်လာဖို့ ပြည်တွင်းက အသားထဲက လောက်ထွက်သူတွေရဲ့ မမှန်ကန်တဲ့ အချက်တွေ၊ လှုံ့ဆော် ချဲ့ကားထားတဲ့ အလက်တွေဖြစ်ပါတယ်။
လက်တွေ့သက်သေ
မြန်မာပြည်သူတွေ မတရားနှိပ်စက် ခံနေရသယောင် တစ်ဖက်သတ် ပုံကြီးချဲ့ ခဲ့ပါတယ်။ လက်တွေ့မှာ မတ်လ ၁၄ ရက်မှ ဧပြီလ ၇ ရက်အတွင်း ရန်ကုန်မှာ စက်ရုံ ၂၅ ရုံ မီးလောင်ခဲ့ပြီး အလုပ်သမား တစ်သောင်းခွဲခန့်ရဲ့ ဘဝတွေ ထိခိုက် ခဲ့တာ၊ CDM ကိုဆန့်ကျင်တဲ့၊ ဒလန်လို့ သတ်မှတ်တဲ့ အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ ဝန်ထမ်း ၁၇၀ ကျော် ရက်ရက်စက်စက် သတ်ဖြတ်ခံရတာ၊ ရဲတပ်ဖွဲ့ဝင် ၈၀ ကျော် အသက်ဆုံးရှုံးခဲ့ရတာ။ အများပြည်သူပိုင် အဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံရ တာ စတာတွေအပြင် အဲဒီအချိန် နောက်ပိုင်း ဒီမိုကရေစီအမည်ခံ အကြမ်း ဖက်အဖျက်သမားတွေရဲ့ ရက်ရက် စက်စက် လုပ်ရပ်တွေ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ဘယ်တုန်းကမှလက်မခံခဲ့တဲ့ ပြည်ပလူမျိုးခြားကို မြန်မာနိုင်ငံသား အဖြစ် လက်ခံဖို့လုပ်ဆောင်တာတွေကို မျက်ကွယ်ပြုပြီး မမှန်မကန်၊ တစ်ဖက် သတ် အချက်အလက်တွေနဲ့ မြန်မာ့နိုင်ငံ ရေးမှာ ဝင်ရောက်စွက်ဖက်တာဟာ ၂၀၂၁ မြန်မာပြည်ဖျက်စီမံကိန်း ဖြစ်တယ်ဆိုတာ ငြင်းမရနိုင်တဲ့အချက်တွေဖြစ်ပါတယ်။
ဒါတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တွေရဲ့ လောင်းရိပ်မကင်းတဲ့ ပြည်ပ အဖွဲ့အစည်းတွေကို သူခိုးဓားရိုးကမ်းသူ တွေနဲ့ အချိတ်အဆက်လုပ်၊ အမျိုးသား သစ္စာဖောက်တွေကို လက်သပ်မွေး၊ အခါပေး၊ လက်ထောက်ချ၊ ပြည်ဖျက် စီမံကိန်းအလုပ်တွေကို လုပ်ဆောင်နေတဲ့ ဒီမိုကရေစီတစ္ဆေများလို့ ဆိုလိုက်ချင် ပါကြောင်း။ ။
- Log in to post comments