မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများသည် မရှိအတူ ရှိအတူ အေးချမ်းသာယာစွာဖြင့် နေလိုကြသည်။ အေးချမ်းစွာနေလို သော်လည်း အကြောင်းအမျိုးမျိုးဖြင့်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးလှိုင်းဂယက်ရိုက်ခတ် မှုနောက်ဆက်တွဲပြဿနာများကြုံကြရသည်။ ပြည်သူများမှာ စိုးရိမ်သောကများဖြင့် ကောင်းစွာမနေခဲ့ရသောကာလများ သမိုင်းမှတ်တမ်းများရှိသည်။
ပြည်သူများမှာ အေးချမ်းစွာနေလိုကြသော်လည်း ပြည်တွင်း၊ ပြည်ပမှ နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ရပ်ရွာတည်ငြိမ် အေးချမ်းမှုများကို မကြာမကြာနှောင့်ယှက်ဖျက်ဆီးမှုများရှိနေသည်။ နှောင့်ယှက် ဖျက်ဆီးမှုများမှာ ခေတ်ကာလအလျောက် တိုးတက်လာခဲ့ပြီး ဇာတ်ကောင်၊ ဇာတ်ကွက်၊ သရုပ်ဆောင်၊ ဇာတ်ညွှန်း၊ ဇာတ်ပို့၊ အားပေးထောက်ခံသူများဖြင့် စည်းချက်၊ ဝါးချက်ညီအောင်ဖန်တီးခဲ့ကြသည်ကို မရိုးနိုင်အောင် တွေ့ရမည် ဖြစ်သည်။ ဇာတ်နာအောင်တမင်ဖန်တီးပြီး ပရိသတ်အကြိုက်ကူမည့်သူကို မျက်ရည်ချူပြသည့် အဖြစ်အပျက်များကို မကြာမကြာတွေ့ရပေသည်။
မကြာသေးမီက ထန်တလန်မြို့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များမှာ အချိန်ကိုက် စနစ်တကျ ဖန်တီးခဲ့သည်ကိုတွေ့ရှိရပြီး ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန် မြို့တွင် ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်နှင့်ပတ်သက်၍လည်း ဇာတ်လမ်းအမျိုးမျိုး ဖန်တီးလာသည်ကို တွေ့ရမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင် မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ဆူပူဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ က လူစုခွဲထိန်းသိမ်းမှုပြုလုပ်သည်ကို အကြောင်းပြု၍ မြို့ရွာများ မတည်မငြိမ် မအေးမချမ်းဖြစ်အောင်၊ ပြည်ပမှ ဖိအားများ များပြားလာအောင် သွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုများ ပြုလုပ်လာသည်ကို တွေ့မြင်နေရပြန်သည်။
CRPH နှင့် NUG အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် နိုင်ငံတစ်ဝန်းဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်အကြမ်းဖက် သတ်ဖြတ်လုယက် တိုက်ခိုက်မှုများကို ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် လုံခြုံရေးအဖွဲ့အစည်းများက တားဆီးနှိမ်နင်းခဲ့ရာ ယခုအခါ ဝေးလံသည့်အစွန်အဖျားကျေးရွာအချို့မှလွဲ၍ မြို့ရွာများတည်ငြိမ်အေးချမ်းမှုရှိလာသည်။ ထိုအခါ တည်ငြိမ်အေးချမ်းမှု ပျက်ပြား စေရန်အတွက် တစ်နည်းပြန်လည်အားထုတ်လာရာ မြို့ပေါ်နေ လူငယ်လူရွယ်များ အား သွေးထိုးလှုံ့ဆော်မြှောက်ပင့်အားပေးပြီး ဆူပူအော်ဟစ်ဆန္ဒပြမှုများ ဖန်တီး လာသည်။ ယခုရက်ပိုင်းအတွင်း လူငယ်အချို့ပါဝင်သည့် ဆူပူဆန္ဒပြမှုအချို့တွင် မီးတုတ်များ ကိုင်ဆောင်လာသည်ကို တွေ့ရမည်ဖြစ်သည်။
ယခင်ကလည်း စီတန်းဆန္ဒပြမှုမှ အဆင့်ဆင့်တက်ပြီး ဆူပူအကြမ်းဖက် တိုက်ခိုက်မှုများအထိ ပြုလုပ်ခဲ့သည်ကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ယခုအခါ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူအော်ဟစ်ဆန္ဒပြမှုမှတစ်ဆင့်တက်၍ အကြမ်းဖက် ဆူပူမှုများဖြစ်လာနိုင်သည်။ ရပ်ရွာအဆောက်အအုံများ မီးရှို့ဖျက်ဆီးမှုများအထိ ရှိလာနိုင်သည်။ ယင်းသို့သောအခြေအနေမျိုးမဖြစ်ပေါ်အောင် အချိန်မီတားဆီးရမည် ဖြစ်သည်။ ရပ်ရွာများ တည်ငြိမ်အေးချမ်းသာယာရေးအပြင် ပြည်သူများ ထိခိုက် နစ်နာမှုမရှိစေရေးအတွက် ဆူပူဆန္ဒပြသူများအား စနစ်တကျ တားဆီးထိန်းသိမ်း ဆောင်ရွက်နေသည်။ ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း၌ ဆူပူဆန္ဒပြသူများအား ထိန်းသိမ်းရာတွင် ဖြစ်စဉ်ထက် ပိုမိုလွန်ကဲသည့် မမှန်ကန်သောသတင်းထုတ်လွှင့်မှု များကို ဆက်တိုက်ပြုလုပ်လာကြသည်ကို တွေ့ရမည်ဖြစ်သည်။ ဖြစ်စဉ်တွင် လူသေဆုံးမှုမရှိဘဲ လူအများအပြားသေဆုံးထိခိုက်ဒဏ်ရာရသည့် ရက်စက်မှုဖြစ် အောင် ဖန်တီးလှုံ့ဆော်လာကြသည်။
ဒီဇင်ဘာလ ၅ ရက်နေ့နံနက်ပိုင်း ဖြစ်စဉ်ဖြစ်ပွားပြီးသည်နှင့် ဆန္ဒပြသူ လူတစ်စုအနက် ထိန်းသိမ်းခံရသူ လူငယ်အချို့၏ ဓာတ်ပုံ၊ အချက်အလက်များနှင့် သတင်းပေး၊ ဒလန်၊ တာဝန်ရှိသူတို့၏ ဓာတ်ပုံအကြောင်းအရာတို့ကိုပါ မမှန်မကန် ချက်ချင်းဖန်တီးလာသည်ကို ကြည့်ခြင်းအားဖြင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် မရိုးမသားလုပ်ဆောင်မှုများကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပုံကြီးချဲ့ကာ အချို့သောသံရုံးများနှင့် သတင်းမီဒီယာများ၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန်ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ သတင်းမှားများ ဖြန့်ချိခြင်းတို့ဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။
လက်ရှိအချိန်သည် နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာ ထားပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ထိုအချိန်တွင် မြို့ပြများ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လူငယ်အချို့အား သွေးထိုးမြှောက်ပင့်ပေးပြီး ဆူပူအုံကြွမှုဖြစ်ပေါ်လာအောင် ပြုလုပ်လာကြသည်။ သို့ဖြစ်ရာ ဆူပူဆန္ဒပြမှုများမှတစ်ဆင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပျက်စီး အောင်၊ နိုင်ငံတော်အစိုးရအား ဖိအားများပိုများလာအောင် ဖန်တီးမှုများသည် အချည်းနှီးအကျိုးမဲ့သည့် တိုင်းပြည်နှင့်လူမျိုး အကျိုးယုတ်စေသော လုပ်ရပ်များ ဖြစ်သည်ကို သတိပြုရမည်ဖြစ်ပါကြောင်း။ ။