တန်းဆင်းဇုန်မှ နော်တင်ဟမ်တို့ ရုန်းအားကြောင့် လီဗာပူးတို့ ရှုံးပွဲတွေ့

 

တန်းဆင်းဇုန်အတွင်းမှ  နော်တင် ဟမ်ဖောရက်စ်နှင့်     လီဗာပူးတို့၏   ပရီမီယာ      လိဂ်ပွဲစဉ် (၁၃) ကို  အောက်တိုဘာ ၂၂ ရက်  ညပိုင်းက အကြိတ်အနယ်  ယှဉ်ပြိုင်ကစားခဲ့ ရာ  နော်တင်ဟမ်တို့   ရုန်းအား ကြောင့်  လီဗာပူးတို့   တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးခဲ့သည်။ 

 


ယခုပွဲစဉ်တွင်     လီဗာပူး အသင်းသည်    နော်တင်ဟမ် အသင်းကို ပွဲချိန်အများစု ဖိအား ပေးကစားနိုင်ခဲ့သော်လည်း   ရရှိ လာသည့်    အခွင့်အရေးများကို အသင်းကစားသမားများ  အဆုံး မသတ်နိုင်ခဲ့သဖြင့်    နိုင်ပွဲနှင့် ဝေးကွာခဲ့ရသည်။     ယခုနှစ်ရာသီ တွင်     ပုံစံကောင်း  ပျောက်ဆုံးနေ သည့်      လီဗာပူးအသင်းသည်     ယခုပွဲရှုံးနိမ့်မှုကြောင့် လိဂ် ၁၁ ပွဲ ကစားပြီး  ရှုံးပွဲ သုံးပွဲအထိ ရှိလာ ပြီဖြစ်သည်။ 

 


နော်တင်ဟမ်အသင်း  ယခုပွဲ အနိုင်ရရှိမှုကြောင့်  ယခုနှစ်ရာသီ ဒုတိယမြောက်     နိုင်ပွဲရရှိခဲ့ပြီး တန်းဆင်းဇုန်အတွင်းမှ  လွတ် မြောက်ရန်   အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။     ထိုးဖောက် တိုက်စစ်ဆင်မှုများနှင့်   ဂိုးကန် သွင်းမှုများကို လီဗာပူးအသင်းက အကြိမ်ကြိမ်       ပြုလုပ်နိုင်ခဲ့ပြီး နော်တင်ဟမ်ဂိုးသမား ဟန်ဒါဆင် လက်စွမ်းပြ     ကာကွယ်ခဲ့သည်။ နော်တင်ဟမ်အသင်း၏  ရံဖန်ရံခါ ထိုးဖောက်     တိုက်စစ်ဆင်မှုက လည်း လီဗာပူးခံစစ်၊ ဂိုးသမားတို့ အခက်တွေ့စေခဲ့သည်။ 

 


ယခုပွဲစဉ်အတွက်    တစ်လုံး တည်းသော   အနိုင်ဂိုးကို   ပွဲချိန် ၅၅ မိနစ် တွင် အယိုနီရီက သွင်းယူ ပေးခဲ့သည်။   
အခြားပွဲစဉ်များတွင် အဲဗာတန် က ပဲလေ့စ်ကို သုံးဂိုး- ဂိုးမရှိ ၊ မန်စီး တီးက ဘရိုက်တန်ကို သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရသည်။    

အောင်ဇော်