
နေပြည်တော် နိုဝင်ဘာ ၂၈
CRPH နှင့် NUG အမည်ခံ အကြမ်းဖက် အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည် ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်း စွာနေထိုင်ကြသော ပြည်သူများ အား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူ နှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင် ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ နှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း စသည့်အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများ ပြည်သူ အသက်အိုးအိမ်စည်းစိမ် အတွက် သက်ဆိုင်ရာနယ်မြေများ အလိုက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည် မြို့အတွင်း လုံခြုံရေးဆောင်ရွက် နေသောတပ်ဖွဲ့ဝင်များသည်မေတ္တာ မြိုင်ရပ်ကွက်၌ လိုအပ်သော လုံခြုံ ရေးလုပ်ငန်းများအား စစ်ဆေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် ကံထူးမ ကျေးရွာဘက်မှ တန့်ဆည်မြို့ဘက် သို့ အမျိုးသားတစ်ဦး မောင်းနှင် လာသော မော်တော်ဆိုင်ကယ် အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားလွယ်ထားသည့် ကျော ပိုးအိတ်အတွင်းမှ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသား မှာ မိုင်းစထိမှန်ဒဏ်ရာများ ဖြင့် သေဆုံးသွားခဲ့ပြီး အနီးရှိ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် နှစ်ဦးတို့တွင်လည်း မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင် များအား တန့်ဆည်မြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် သေဆုံး မှုနှင့်ပတ်သက် ၍ သက်ဆိုင်ရာမှ သေမှုသေခင်း ဖွင့်လှစ်ကာ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်