
နေပြည်တော် ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးတန့်ဆည် မြို့နယ်၌ PDF အမည်ခံ အကြမ်း ဖက် လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ၍ နေအိမ်လေးလုံး မီးရှို့ ဖျက်ဆီးခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် နံနက် ၂ နာရီခွဲတွင် စစ်ကိုင်း တိုင်းဒေသကြီး တန့်ဆည်မြို့နယ် သာကေတကျေးရွာ၌ PDF အမည်ခံ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အင်အား (စိစစ်ဆဲ)က ကျေးရွာ အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ကျေးရွာနေပြည်သူ အချို့ကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အဆိုပါ ကျေးရွာနေသူများ ဖြစ်သည့် ဦးကျော်ရွှင်၏ အုတ်တိုက် နှစ်ထပ် နေအိမ်တစ်လုံး၊ 7N/8644 FORLAND မော်တော်ယာဉ် တစ်စီး၊ ငါးမူးသားဆွဲကြိုးတစ်ကုံး၊ ငွေကျပ် ၅ သိန်း၊ စပါးတင်း ၃၀၀ ခန့်၊ တစ်ရွာတည်းနေ ကိုမိုးမင်း ၏ သွပ်မိုးထရံကာ နှစ်ထပ်နေအိမ် တစ်လုံး၊ ဒေါ်ခင်ဌေး(၆၅)နှစ် (ဘ)ဦးဘသိန်း၏ သွပ်မိုး ထရံကာ နှစ်ထပ် နေအိမ် တစ်လုံးတို့ မီးလောင်ပျက်စီးခဲ့သည်။
ထိုသို့ အကြမ်းဖက်မီးရှို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေါ်ခင် ဌေးနှင့် ၎င်း၏ မိသားစုဝင်များ ဖြစ်သည့် သမီးဖြစ်သူ ဒေါ်မိကြွယ် (၄၅)နှစ် (ဘ)ဦးချစ်ပြား၊ သမက် ဖြစ်သူ ဦးဖိုးဇော်(ခ)သူရဇော် (ဘ)ဦးစိုးတင့်၊ မြေးဖြစ်သူ ခိုင်ထူး (၂၀)နှစ်၊ မခိုင်နွယ်ထွန်း(၁၅)နှစ် နှင့် မောင်အာဇာနည်(၁၀)နှစ် (ကိုရင်ဝတ်)နှင့် ကိုမိုးမင်းနှင့် ၎င်း၏ မိသားစုဝင်များဖြစ်သည့် မိခင်ဖြစ်သူ ဒေါ်ညိုသေး(၆၀)နှစ် (ဘ)ဦးမောင်ဟန် ဇနီးဖြစ်သူ မစန္ဒာ(၃၂)နှစ် (ဘ)ဦးညိုမောင် သားဖြစ်သူ မောင်မိုးဇက်(၁၄)နှစ် တို့ သေနတ်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အခင်းဖြစ်စဉ်အတွင်း ကိုမိုးမင်း နှင့် ဦးကျော်ရွှင်တို့မှာ အသက် အန္တရာယ်ဘေးမှ ထွက်ပြေး လွတ်မြောက်ခဲ့သည်။
ထိုကဲ့သို့ ကျေးရွာနေပြည်သူ များကို အကြောက်တရားများ လွှမ်းမိုးစေရန်၊ ၎င်းတို့၏ အကြမ်း ဖက်မှုလုပ်ရပ်များအပေါ် ပူးပေါင်း ပါဝင်လာစေရန်နှင့် ပူးပေါင်း ပါဝင်မှုမရှိဘဲ အေးချမ်းစွာ နေထိုင် လျက်ရှိသော ကျေးရွာနေပြည်သူ များအား အကြောင်းအမျိုးမျိုးပြ၍ ရက်စက်စွာသတ်ဖြတ်၊ မီးရှို့ခြင်း များ ကျူးလွန်သည့်အပြင် ယခု ကဲ့သို့ အေးချမ်းစွာ ပညာ သင်ကြားလျက်ရှိသည့် ကျောင်းနေ အရွယ်နှင့် ကိုရင်ဝတ် ကလေး သူငယ်များပါမကျန် ရက်စက် စွာ သတ်ဖြတ်မှု ကျူးလွန်ခဲ့ သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ် မြေခံ တပ်မတော်စစ်ကြောင်း များနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်