တည်ဆောက်ရမည့် အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

Type

 

မျိုးငြိမ်းငယ်

မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခနက်ရှိုင်းစွာ တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားရင်ကြား စေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးပါသည့် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ 
 

အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အားနည်းခြင်းကြောင့် နိုင်ငံ တွင်း       ငြိမ်းချမ်းရေးမတည်ဆောက်နိုင်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်းနှင့်  ယင်း၏ အကျိုးဆက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ စီးပွားရေးမှအစ  လူမှုရေးအဆုံး ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အားနည်းလျက်ရှိနေဆဲဖြစ်သည်။ နယ်စပ်ဒေသတိုင်းရင်းသားများ၊ တောင်ပေါ်ဒေသ တိုင်းရင်းသားများနှင့်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများနှင့် တိုက်ပွဲများဖြစ်ပွားနေ သည့် ဒေသများရှိ   တိုင်းရင်းသားများအားလုံး  တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး လုပ်ဆောင်ရန်များစွာအနက် အမျိုးသားရင်ကြား စေ့ရေး၊    တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် အေးချမ်းတည်ငြိမ်ရေးတို့မှာ မရှိမဖြစ်လိုအပ်နေပါသည်။


ငြိမ်းချမ်းရေးအတွက် လမ်းစ


မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းစဉ်က တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့်  ပင်လုံစာချုပ်ကို   ချုပ်ဆို၍ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါသည်။ သို့သော်လည်း နိုင်ငံရေးအကျိုးစီးပွားအမျိုးမျိုးကြောင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား   စိတ်ဝမ်းကွဲမှုများ၊ မကျေလည်မှုများနှင့်    မယုံကြည်မှုများ  ဖြစ်ပွား လာခဲ့ရသည်။    ယင်းအခြေခံပြဿနာများကို ဖြေရှင်းနေဆဲဖြစ်သော်လည်း ဆက်လက်ဆောင် ရွက်ရန်များ ကျန်ရှိနေဆဲဖြစ်သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပင်လုံစာချုပ်နောက်ပိုင်း နှစ်ပေါင်း ၆၅ နှစ်ကျော်အကြာ ၂၀၁၁ ခုနှစ် ဩဂုတ်လတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊  အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် လမ်းစ ပြန်လည်ပေါ်ထွန်းလာခဲ့ပါသည်။


၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား  ချုပ်ဆို သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၏ အားသာချက်များတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ညှိနှိုင်းအဖြေရှာရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုရှိရေး၊ အပြန်အလှန်လေးစားမှု ရှိရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့်  အနာဂတ်နိုင်ငံတည်ဆောက် ရေးအထိ ပါဝင်ပါသည်။ 


ရေရှည်မျှော်မှန်းချက်များ


၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့်  NCA သဘောတူစာချုပ် အခန်း(၁) အခြေခံမူများတွင် ပါဝင်သည့် အချက် ၁၁ ချက်ကို ကြည့်ခြင်းအားဖြင့် အားလုံးအတွက် ရေရှည်မျှော်မှန်းချက်များအဖြစ် တွေ့ရပါသည်။ ထို့အပြင် အခန်း (၂) ဦးတည်ချက် နှင့် ရည်ရွယ်ချက်များပါ အပိုဒ် (က) တွင် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး   နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးလုပ်ငန်းစတင်ရန်လည်း သဘောတူ ထားကြသည်။ ဖော်ပြလိုရင်းမှာ NCA သည် ရေတို/ရေရှည်မျှော်မှန်းချက်များ    ပါဝင်နေခြင်းနှင့် ယနေ့မျှော်မှန်းထားသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး    ဦးတည်လုပ်ဆောင်ထား ခြင်းပင် ဖြစ်ပါသည်။


NCA တွင် ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရမည့် အချက်များ ကျန်ရှိနေသော်လည်း တာထွက်ကောင်း လာ သည့် NCA ၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်  ယုံကြည်မှုတည် ဆောက်ရေးလုပ်ငန်းစဉ်များသည် ၂၀၁၅ NLD အစိုးရ လက်ထက်တွင် ရပ်တန့်မှုများ၊ လျော့ကျမှုများနှင့် ကြုံတွေ့လာခဲ့ရသည်။ 


NLD ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲကြေညာ စာတမ်းတွင် တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးအဖြစ် သတ်မှတ်ထား သော်လည်း အာဏာရရှိလာချိန်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည့် လုပ်ဆောင် မှုများ    တွေ့မြင်လာရသည်။    ယင်းတို့အနက် မွန်ပြည်နယ်  မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အား ဖြတ်ကူးထားသည့်    သံလွင်မြစ်ကူးတံတားကို လွှတ်တော်တွင်    ကန့်ကွက်မှုများကြားကပင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့သည်။ 


ယုံကြည်မှုကျဆင်းခဲ့ရ


ယင်းနှင့်ပတ်သက်၍   ၂၀၁၇ ခုနှစ်အတွင်း ဒေသခံတိုင်းရင်းသားတို့၏    ဆန္ဒပြမှုများနှင့် ကန့်ကွက်မှုများရှိခဲ့ပြီး   တိုင်းရင်းသားများနှင့် NLD ပါတီအကြား ယုံကြည်မှုကျဆင်းခဲ့ရသည်။ အလား တူပင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဗိုလ်ချုပ်ရုပ်တု  စိုက်ထူရာတွင် တိုင်းရင်းသားများ အရေးထက် ပါတီအရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ သည်မှာ ပါတီ၏ရည်မှန်းချက်နှင့်အလုပ်မညီမှုဟု ဆိုရပါမည်။


တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံ တည်ဆောက်ရေးအတွက် အရေးပါလျက်ရှိသော် လည်း NLD ပါတီအနေဖြင့် နိုင်ငံရေးအာဏာချုပ်ကိုင် နိုင်ရေးနှင့် တိုင်းရင်းသားအရေး ယှဉ်လာသည့်အခါ ပါတီအာဏာရရှိရေးကို ထိပ်တန်းဦးစားပေးခဲ့သဖြင့် တည်ဆောက်ဆဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး နှင့်   အမျိုးသားရင်ကြားစေ့ရေးမှာ   လျော့နည်း ကျဆင်းလာခဲ့ပါသည်။ 


အာဏာမရမီက တိုင်းရင်းသားအရေး မည်မျှ ပင် ပြောဆိုမဲဆွယ်ခဲ့စေကာမူ ၂၀၁၅ ရွေးကောက် ပွဲပြီးနောက်ပိုင်း   ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် ဒေသခံတိုင်းရင်းသားပါတီများ နေရာအများ စု   အနိုင်ရရှိခဲ့သော်လည်း   ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေးတွင် တိုင်းရင်းသားများ၏ဆန္ဒကိုပစ်ပယ် ၍ NLD ပါတီ၏ဆန္ဒတစ်ခုတည်းဖြင့်သာ ရွေးချယ် ခန့်အပ်ခဲ့သည်။    ဖက်ဒရယ်တည်ဆောက်ရေး ကြွေးကြော်ထားသည့် NLD အစိုးရလက်ထက် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးတွင်   တိုင်းရင်းသား အပေါ်ထားရှိသည့်သဘောထား၊ ဖက်ဒရယ်ရည်မှန်း ချက်၊  ပါတီ၏ကြေညာချက်နှင့်    လက်တွေ့ လုပ်ဆောင်မှု မကိုက်ညီသည်ကို တွေ့မြင်နိုင်ပါသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင် ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာတင်ပြစဉ်က  နိုင်ငံရေးပါတီ ၁၄ ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်တစ်ဦးတို့က ပေးပို့ထားသည့် အခြေခံဥပဒေ ပြင်ဆင်ရန် အကြံပြုသည့်အချက်ပေါင်း   ၃၇၆၅ ချက် ပါရှိခဲ့သည်။ သို့သော် လွှတ်တော်သို့ ဥပဒေ မူကြမ်းအဖြစ် တင်သွင်းလာသည့်အခါ NLD ပါတီ၏ ပြင်ဆင်ချက်မူကြမ်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ပြင်ဆင် ချက်မူကြမ်းနှင့် တပ်မတော်သားကိုယ်စားလှယ် များ၏ ပြင်ဆင်ချက်မူကြမ်းများသာ   ပါဝင်လာပါ သည်။ တင်ပြလာသည့်   ဥပဒေမူကြမ်း (၇) ခုမှ ပြင်ဆင်ချက်ပေါင်း (၁၄၂) ချက်တွင်  တိုင်းရင်းသား များတင်သွင်းသည့် ပြင်ဆင်ချက်တစ်ချက်မှ ပါဝင် မလာသည်ကို အံ့ဩဖွယ်တွေ့ရပါသည်။ 


တစ်ဖက်သတ်ချုပ်ကိုင်


ထို့အပြင် တိုင်းရင်းသားများလိုလားသည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာတွင် NLD ပါတီက ကန့်ကွက်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ “တိုင်းရင်း သားတွေအတွက်  ဖက်ဒရယ်အငွေ့အသက်လေး တောင်မှ ရှူရှိုက်ခွင့်မပေးဘူး၊  မလိုက်လျောဘူး ဆိုတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် ဝမ်းနည်းစရာပေါ့”ဟု မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက မဲခွဲဆုံးဖြတ်အပြီးတွင် မီဒီယာများသို့ ပြောကြားခဲ့သည်။ ယင်းမတိုင်မီက လည်း အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ တွင် NLD ပါတီ၏ တစ်ဖက်သတ်ချုပ်ကိုင်မှုကြောင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့  နုတ်ထွက်ခဲ့ ကြသည်။ 


NLD ပါတီ အာဏာရရှိစဉ် တိုင်းရင်းသားအများ အရေးဆောင်ရွက်မှုနှင့်ပတ်သက်၍   NLD ပါတီ ထောက်ခံသူများကိုယ်တိုင်က   အားမရကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအပေါ် သဘောထားကို သံသယဝင်စေကြောင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက်နေ့ထုတ် ဧရာဝတီသတင်း သူ့အမြင် သူ့အတွေး တွင် ဒေါက်တာသိန်းဝင်းက NLD ကို ချစ်လို့ ပြောတယ်မှတ် ခေါင်းစဉ်ဖြင့် ရေးသားထားသည်ကို တွေ့ရ သည်။ သို့ဖြစ်ရာ NLD ၏   တိုင်းရင်းသား များအပေါ် ထားရှိသည့်သဘောထားသည် သံသယ ရှိစရာပင် ဖြစ်သည်။ 


နိုင်ငံရေးအာဏာရရှိရန်  လိုအပ်


နိုင်ငံတည်ဆောက်ရေးအတွက်  နိုင်ငံရေး အာဏာရရှိရန်       လိုအပ်သကဲ့သို့  ခိုင်မာသော ဖက်ဒရယ်နိုင်ငံတည်ဆောက်ရန်အတွက်မူ အမျိုး သားရင်ကြားစေ့ရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးသည်လည်း   အရေးကြီးလိုအပ်ပါသည်။ သို့သော်လည်း NLD သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးထက် အာဏာရရှိရေး၊ အာဏာချုပ် ကိုင်နိုင်ရေးကိုသာ   ဦးတည်လုပ်ဆောင်နေသဖြင့် နိုင်ငံရေးအာဏာရရှိရန်   အမျိုးသားရင်ကြားစေ့ ရေးနှင့်   တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အသုံးချနေခြင်းလောဟု    စဉ်းစားစရာပင်  ဖြစ် သည်။


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊   အမျိုး သားရင်ကြားစေ့ရေးသည် အပြောသက်သက်ဖြင့် တည်ဆောက်၍   ရကောင်းသည့်အရာမဟုတ်၊ အပြောနှင့်အလုပ် ကိုက်ညီမှသာ တည်ဆောက်၍ ရနိုင်ပါသည်။  ထို့အတူ  လက်တွေ့လုပ်ဆောင် သည်ဆိုရာတွင်လည်း   စိတ်ရင်းစေတနာမှန်ရန် လိုအပ်ပါသည်။ ဟန်ဆောင်မှု၊ လှည့်စားမှုနှင့် အသုံးချလိုမှုများကင်းမှသာ   ရေရှည်ခိုင်မြဲသော ယုံကြည်မှုနှင့် စည်းလုံးမှုကို ရရှိနိုင်ပါသည်။ NLD အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင် ရရှိပြီး အစိုးရဖွဲ့စည်းရာတွင် တိုင်းရင်းသားများကို ရာထူးနေရာပေးခဲ့သည်။ နိုင်ငံတော် ဒုတိယသမ္မတ ရာထူးအပါအဝင်      ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  ခန့်အပ်ခြင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်းသား ရေးရာဝန်ကြီးခန့်အပ်မှုတို့မှာ အမျိုးသားရင်ကြား စေ့ရန် ရည်ရွယ်လိုခြင်း၊ တူညီရာဆုံရပ်သို့ လက်တွဲ လျှောက်လှမ်းလိုခြင်းထက် ရာထူးပေး၍ ချွေးသိပ် လိုသည့်သဘောဟု   ယူဆရပါမည်။   ယင်းသို့ ခန့်အပ်မှုကြောင့်  ခန့်အပ်ခံရသည့် တိုင်းရင်းသား များနှင့် ယင်းတို့၏ပါတီများအကြား စိတ်ဝမ်းကွဲခဲ့ ကြသည်ကို ကြည့်ခြင်းဖြင့် တိုင်းရင်းသားအရေး အတွက်မဟုတ်ဘဲ     ပါတီပုံရိပ်ကောင်းမွန်ရေး ဖြစ်ကြောင်း သိမြင်နိုင်ပါသည်။  


ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလိုလားသည်ဆိုပါလျှင်   လက်တွေ့အခြေအနေ၌ ဖက်ဒရယ်တည်ဆောက်ရေးဆိုင်ရာ သဘောတူညီ မှုများ၊ အာဏာခွဲဝေပေးမှုများ၊ ညှိနှိုင်းဆွေးနွေးမှု များ  လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း  ရှိ/မရှိ ဆိုသည် ကလည်း မေးခွန်းထုတ်စရာပင်   ဖြစ်သည်။ NLD အစိုးရ ငါးနှစ်သက်တမ်းအတွင်း တိုင်းရင်းသား များအပေါ်သဘောထားများကြောင့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင်   တိုင်းရင်းသားပါတီများ သည်  NLD   ပါတီ၏အာဏာချုပ်ကိုင်ထားမှုကို ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီများအချင်းချင်း ပူးပေါင်းလာခဲ့ကြသည်။   


သို့သော်လည်း NLD ပါတီသည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကို  အခွင့်ကောင်းယူ၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ၂၂ ရက်အလို အောက်တိုဘာလ ၁၆  ရက်နေ့တွင်  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန်    အခြေ အနေမရှိခြင်းကြောင့်ဟုဆိုကာ   ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ  မြို့နယ်ခြောက်ခုကို ရွေးကောက်ပွဲကျင်းပမည့်   မဲဆန္ဒနယ်မြေအဖြစ်မှ    ပယ်ဖျက်ကြောင်း ကြေညာခဲ့သဖြင့်  တိုင်းရင်းသား များနှင့်  NLD  ပါတီအကြား   မယုံကြည်မှု  ပိုမို မြင့်တက်လာခဲ့ရပြန်သည်။ 


ယင်းမြို့နယ်များတွင် တိုင်းရင်းသားပါတီများ အနိုင်ရနေသည့်နယ်မြေများ ပါဝင်နေခြင်းကြောင့် NLD ပါတီ၏အာဏာရရှိရေးနှင့် ဖက်ဒရယ်အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊  ရင်ကြားစေ့ ရေးတို့မှာ ဝိရောဓိအသွင် ဖြစ်လာခဲ့သည်။ ယင်းနှင့် ပတ်သက်၍ “NLD  ဟာ  ပြန်ပြီးမှ  အာဏာရရှိရေး အတွက်ပဲ      ကြိုးစားနေတဲ့ပုံစံမျိုးဖြစ်တယ်။ တိုင်းရင်းသားတွေရဲ့     ပြန်လည်သင့်မြတ်ရေး သူတို့အနေနဲ့   ဒါကို    ခေါင်းထဲမှာမထားဘူး။ ငြိမ်းချမ်းရေးကိုလည်း   ခေါင်းထဲမှာမထားဘူး။ သူထားတာတော့  အခု   ၂၀၂၀  ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးပဲ  ဒါပဲစဉ်းစားတဲ့ပုံစံမျိုးနဲ့  လုပ်နေ တယ်လို့ပဲ စွပ်စွဲချင်တယ်။ ဒီဟာတွေက လုံးဝမလုပ် သင့်တဲ့  အလုပ်တွေပဲ” ဟု ကချင်ပြည်နယ် ပြည်သူ့ ပါတီ ဒုတိယဥက္ကဋ္ဌ (၁) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားခဲ့သည်။ ၎င်းအပြင် ပေါင်းစည်းတိုင်းရင်း သားပါတီ ငါးပါတီ၏ကြေညာချက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယခုထုတ်ပြန်ချက်သည် ရွေးကောက်ပွဲ  ကျင်းပခြင်းမပြုမည့်နယ်မြေများမှ တိုင်းရင်းသားများအား   လွှတ်တော်ပြင်ပနိုင်ငံရေး နည်းလမ်းများ ရွေးချယ်လာစေရန် တွန်းပို့ရာရောက် သည်ဟုရှုမြင်ကြောင်း ဖော်ပြခဲ့ကြသည်။


တိုင်းရင်းသားပါတီများကို ချွေးသိပ်


၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် NLD ပါတီသည် တိုင်းရင်းသားပါတီများကို ချွေးသိပ်နိုင်ရန် အမျိုးသား ညီညွတ်ရေးအစိုးရဖွဲ့စည်းရေး ကြေညာခဲ့ပြန်သည်။ ဒီမိုကရေစီဖက်ဒရယ်အရေး ပူးပေါင်းဆောင်ရွက်ရန် ပါတီ ၄၈ ခုသို့ ဖိတ်ကြားစာများပေးပို့ခဲ့သော်လည်း NLD အနေဖြင့်  ပုဒ်မ  ၂၆၁ ပြင်ဆင်ရန်မရှိသေးဟု ပြောဆိုခဲ့ရာ ယခင်နည်းအတိုင်းပင် လက်ဝေခံရာထူး ပေး၍ ချွေးသိပ်လိုသည့် ခြေလှမ်းပင်ဖြစ်သည်။ NLD အစိုးရ     ငါးနှစ်သက်တမ်းအတွင်း    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ ယင်းတို့ပါတီ၏ မူဝါဒနှင့်    ပြောဆိုမှုများ    မည်သို့ပင်ရှိစေကာမူ လက်တွေ့တွင်မူ တိုင်းရင်းသားအရေး လုပ်ဆောင် ရာ၌  ထိပ်တိုက်ရင်ဆိုင်ရမှုများ၊  ရင်ကြားမစေ့နိုင်မှု ရလဒ်များသာ ရရှိခဲ့သည်။


ယခုအခါတွင် NLD ပါတီမှပေါက်ပွားလာသည့် NUG သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များကို  အသုံးချရန်   တစ်ဖန်ကြိုးပမ်းလာသည်ကို တွေ့ရပါသည်။ ဩဂုတ်လ ၂၂ ရက်နေ့က ကျရောက် သည့် (၇၄) နှစ်မြောက် မွန်အမျိုးသားတော်လှန်ရေး နေ့သို့ NUG က သဝဏ်လွှာပေးပို့ရာတွင် စစ်အာဏာ ရှင်စနစ်ဖျက်သိမ်းနိုင်သည်အထိ မွန်ပြည်သူများနှင့် တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းပြီး  ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးနှင့်          ဖက်ဒရယ် တပ်မတော်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် မွန်အမျိုး သားတော်လှန်ရေးနေ့တွင် တိုက်တွန်းလိုက်သည်ဟု ဖော်ပြထားသည်။ 


NUG ၏ တိုက်တွန်းချက်သည်   တိုင်းရင်းသား များအပေါ် စစ်မှန်သောစေတနာ ဟုတ်/မဟုတ်၊ ယခင် ကကဲ့သို့ တိုင်းရင်းသားများအပေါ် အသုံးချလိုသည့် ပရိယာယ် ဟုတ်/မဟုတ် ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သည်။ တိုင်းရင်းသားများအပေါ်  ထားရှိသည့် NLD လက်ထက်မှအတွေ့အကြုံသည်   ပူပူနွေးနွေး ရှိနေဆဲဆိုသည်ကို သင်ခန်းစာယူကြရပါလိမ့်မည်။


NCA လမ်းကြောင်းရှိနေဆဲ


သို့ဖြစ်ရာ NLD အစိုးရလက်ထက်က ကျဆင်း သွားခဲ့သော အမျိုးသားရင်ကြားစေ့ရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက် ရန် လိုအပ်ပါသည်။ ယင်းသို့ပြန်လည်တည်ဆောက် ရန်အတွက် NCA လမ်းကြောင်းရှိနေဆဲဆိုသည်ကို သတိပြုကြရပါမည်။        အကြမ်းဖက်မှုများဖြင့် အမျိုးသားရင်ကြားစေ့ရေးနှင့်       ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သည့်အပြင် ထပ်မံ၍သာ အကြမ်း ဖက်မှုများ၊ ပဋိပက္ခများနှင့် စည်းလုံးမှုပြိုကွဲခြင်းများ ဖြစ်လာပါလိမ့်မည်။ 


ထို့အပြင်  လက်ရှိဖြစ်ပွားနေသည့်   အကျပ် အတည်းများကိုလည်း    ပိုမိုဆိုးရွားစေနိုင်သည်ကို သတိပြုကြရပါလိမ့်မည်။  ယနေ့   မြန်မာနိုင်ငံအသွင် ကူးပြောင်းရေးသည် အီရတ်နိုင်ငံကဲ့သို့ အစိုးရတစ်ရပ် ပြောင်းလဲရုံဖြင့် အသွင်ကူးပြောင်းရေး  အောင်မြင် နိုင်မည်မဟုတ်ချေ။     အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား        စည်းလုံးညီညွတ်ရေးအပါအဝင် ဖက်ဒရယ်နှင့်      ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် လိုအပ်သည့်အခြေအနေများကို         လက်တွေ့ တည်ဆောက်မှသာ          အောင်မြင်သောအသွင် ကူးပြောင်းရေးကို မျှော်မှန်းနိုင်ပေလိမ့်မည်။    ။


ကိုးကား


၁။    တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်
၂။    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ရွေးကောက် ပွဲ ကြေညာစာတမ်း ၂၀၁၅ ခုနှစ်
၃။    ဒုတိယအကြိမ်   ပြည်ထောင်စုလွှတ်တော် (၁၅)  ကြိမ်မြောက်   ပုံမှန်အစည်းအဝေး မှတ်တမ်း (တတိယတွဲ)
၄။    https://  news-eleven.com/  article/ 195741
၅။    https://www.burmalibrary.org/en/message-from-the-national-unity-government sent-to-the-74th-mon-revolution-day-on-22-august 2021? __cf_chl_jschl_tk__= pmd_bEb Xw3C z3U.c5k2C1LKml2XO odZHZ990L Gt5Pj6ihAg-1629894780-0-gqNt ZGzNAl CjcnBszQdl
၆။    https://   burma.   irrawaddy.    com/opinion/   viewpoint/  2020/11/09/ 233082.html
၇။    https://ispmyanmarpeacedesk.com/article/2020-election/
၈။    https://www.myanmar-now.org/mm/news/3319