တန့်ယန်း၊ ဝိုင်းမော်မြို့တို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

နေပြည်တော်   ဇန်နဝါရီ   ၃၀
ရှမ်းပြည်နယ်    တန့်ယန်းမြို့နယ်၌    ဇန်နဝါရီ     ၂၈    ရက်  နံနက်  ၁၀ နာရီမှ ညနေ ၅ နာရီ မိနစ် ၅၀ အထိ တန့်ယန်း မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မန်ကောင်းကျေးရွာအနီးရှိ ဘိန်းစိုက်ခင်း ၁၃ ဧကခန့်အားလည်းကောင်း၊ အလားတူ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌   ဇန်နဝါရီ    ၂၉  ရက် နံနက် ၁၁ နာရီခွဲမှ  မွန်းလွဲ ၂   နာရီ   ၄၅  မိနစ်အထိ  မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စင်ကြိုင်ကျေးရွာ၏   အရှေ့မြောက်ဘက်  တစ်မိုင်ခန့်အကွာရှိ     ဘိန်းစိုက်ခင်း    ငါးဧကခန့်ကိုလည်းကောင်း အသီးသီးဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
     ရဲပြန်ကြား