တပ်ကုန်းနှင့် ဟင်္သာတမြို့နယ်တို့၌ မီးလောင်မှုများဖြစ်ပွား

 

တပ်ကုန်း    


ပြည်ထောင်စုနယ်မြေ  နေပြည်တော်တပ်ကုန်းမြို့နယ် ထန်းတောကြီး ကျေးရွာတွင်   ဇန်နဝါရီ ၂၀ ရက်   မွန်းလွဲ  ၁၂  နာရီ   ၄၅ မိနစ်ခန့်က  ဦးမြဝင်းနေအိမ်    မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်    မီးလောင်မှုဖြစ်ပွား သည်။

 


အဆိုပါ    မီးလောင်မှုဖြစ်သည့်နေအိမ်နှင့်အတူ    ကပ်လျက်ရှိ ဦးညွန့်ဝင်း၏ နေအိမ်တစ်လုံးနှင့် ဦးကျော်ဝင်း၏ နေအိမ်များသို့ မီးကူး စက်လောင်ခဲ့ရာ    မွန်းလွဲ ၁  နာရီခွဲခန့်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဟင်္သာတ


ဧရာဝတီတိုင်းဒေသကြီး    ဟင်္သာတမြို့နယ်    ပခန်းရပ်ကွက်နေ အောင်ငြိမ်းချမ်း (၂၁)နှစ်၏ နေအိမ် မီးဖိုဆောင်၌ တပ်ဆင်ထားသော လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ခ် ဖြစ်ရာကတစ်ဆင့် ဇန်နဝါရီ ၁၉ ရက်   နံနက် ၂ နာရီ ၅၅ မိနစ်က   မီးလောင်မှု ဖြစ်ပွားခဲ့ရာ မိနစ် ၂၀ ခန့် အကြာတွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေ အိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့သောကြောင့်   ၎င်းအား ဟင်္သာတ မြို့မ ရဲစခန်းက   အမှုဖွင့်အရေးယူထားသည်။            

 ရဲပြန်ကြား