
နေပြည်တော် နိုဝင်ဘာ ၁၅
၂ဝ၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းမှ စတင် ၍ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစား ကွင်း/ရုံများ၌ စတင်ကျင်းပသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ရှိ တပ်နယ်အားကစားခန်းမ၌ကီလိုတန်းအလိုက် ပြိုင်ပွဲများကို လည်းကောင်း၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၀၀ အပြေး ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ ၁၀၀ တန်းကျော် အပြေးပြိုင်ပွဲ၊ အမျိုးသမီး တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အမျိုး သား မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ တန်းမြင့်ခုန် ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုး သား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး ၇ မျိုးစုံ မီတာ ၂၀၀ အပြေးပြိုင်ပွဲ လူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကို လည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) ၌ အမျိုးသား/အမျိုးသမီး ကီလိုတန်း အလိုက် ပြိုင်ပွဲများကိုလည်း ကောင်း၊ ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး အုပ်စု ပတ်လည်ပြိုင်ပွဲများကို လည်း ကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(C)၌ ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် လက်ထောက် နည်းပြအဆင့် လက်သိုင်းပညာစဉ် စွမ်းရည် ပြပြိုင်ပွဲ၊ အမျိုးသားကီလိုတန်း အလိုက် အတိုက်ပြိုင်ပွဲများကို လည်းကောင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ် တန်း လေးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲများနှင့် ကရာတေးဒို ပြိုင်ပွဲတွင် အကြီးတန်း တစ်ဦးချင်းပြိုင်ပွဲ၊ လူသစ်တန်း တစ်ဦးချင်းပြိုင်ပွဲများကို လည်း ကောင်း ယှဉ်ပြိုင်ကစားကြ သည်။
အလားတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖလား(ခ)အဆင့် ဘောလုံးပြိုင်ပွဲ ပထမ အကြိုဗိုလ်လုပွဲကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု(ခ) အသင်းနှင့် အမှတ်(၉၉)ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြု(ခ)အသင်းတို့သည် ယနေ့ညနေပိုင်း တွင် ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ဆက်လက် ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု(ခ)အသင်းက အမှတ် (၉၉) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု(ခ)အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများ သို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာ ရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်