တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၃)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၇)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ    ၂၅


တပ်မတော်(ရေ)     အရာရှိငယ်     (စီမံ ခန့်ခွဲရေး)  သင်တန်းအမှတ်စဉ်  (၈၃)၊ တပ်မတော် (ရေ) အရာရှိငယ် (အင်ဂျင် နီယာ)    သင်တန်းအမှတ်စဉ်(၅၇)   နှင့် တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၉)   သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်      သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်      စစ်ရေး ပြကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်   ကိုယ်စား   ကာကွယ်ရေး ဦးစီးချုပ်(ရေ)       ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့် တက်ရောက်  မိန့်ခွန်းပြောကြားသည်။


အဆိုပါအခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး  သက်ပုံ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိ ချုပ်      ဒုတိယဗိုလ်ချုပ်ကြီး   ထိန်ဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်        တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ      တပ်မတော် အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ ၏  မိဘဆွေမျိုးများနှင့်  ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။


ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများက      စစ်ရေး​ပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံ အား​အလေးပြုကြသည်။

ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေး

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က     ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများကို စစ်ဆေးသည်။
ထို့နောက်     ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီး ချုပ် (ရေ) အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ 


ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) က   တပ်မတော်(ရေ)   အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၃) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၆၉၃ ဗိုလ် လင်းအောင်နိုင်နှင့် ရေကြောင်း ပညာစာပေထူးချွန်ဆုရ ရေ ၅၆၉၄ ဗိုလ်  ဝင်းဇော်ဟိန်း   တို့ကို   လည်းကောင်း၊ တပ်မတော်(ရေ)  အရာရှိငယ်  (အင်ဂျင် နီယာ)    သင်တန်းအမှတ်စဉ်   (၅၇)     မှ အကောင်းဆုံးကျောင်းသားဆုရ      ရေ ၅၇၃၇ ဗိုလ် အောင်မြတ်နှင့် ရေကြောင်း အင်ဂျင်နီယာပညာ    စာပေထူးချွန်ဆုရ ရေ   ၅၇၃၃   ဗိုလ်  ကျော်ဇင်သက်  တို့ကို လည်းကောင်း၊ တပ်မတော်(ရေ) အမျိုး သမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၉) မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၇၄၃ ဗိုလ် ဒေါ်ဖူးမော်သန်းနှင့် ရေကြောင်း ပညာစာပေထူးချွန်ဆုရ   ရေ     ၅၇၃၉ ဗိုလ် ဒေါ်ခက်ခက်ဦး  တို့ကို လည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။


သင်တန်းဆင်းမိန့်ခွန်းပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ဇွဲဝင်းမြင့်က    သင်တန်းဆင်း   မိန့်ခွန်း ပြောကြားရာတွင် သင်တန်းကသင်ကြား ပေးလိုက်သည့်      ရေတပ်ပညာရပ်များ သည် ရေတပ်သားကောင်း တစ်ယောက် ပီသစွာ ပင်လယ်ပြင်တာဝန်ထမ်းဆောင်မှု  (Afloat Duty)   ကို  ဇွဲ၊  လုံ့လ၊  ဝီရိယ စိုက်ထုတ်ပြီး ခံနိုင်ရည်ရှိအောင်လေ့ကျင့် ရမည်ဖြစ်ပြီး လေ့ကျင့်ရာတွင်ကိုယ်ခန္ဓာ ကြံ့ခိုင်မှုသာမက စိတ်ဓာတ်ကြံ့ခိုင်မှုကိုပါ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း၊  တပ်မတော်(ရေ)ကို တိုက်ပွဲဝင် အသင့် ရေတပ်အဖြစ်    တည်ဆောက်လျက်ရှိရာ စစ်ရေယာဉ်များတွင် တာဝန်ထမ်းဆောင် ကြရမည့်     ရဲဘော်များအနေဖြင့်လည်း  မိမိတို့၏    ပညာရပ်ပိုင်းဆိုင်ရာအလိုက်  ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့် သွားကြရန်          လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်လုပ်သူများအနေဖြင့် အမှား၊ အမှန်    ဝေဖန်ပိုင်းခြားနိုင်ရန်၊  တွေးခေါ် မြော်မြင်နိုင်ရန်အတွက်     ဗဟုသုတများ ကြွယ်ဝစေရန်    လိုအပ်ပြီး   အမြဲတမ်း စာပေဖတ်ရှုလေ့လာသွားကြရန်    လိုအပ် ကြောင်း၊  ပေးအပ်သော  တာဝန်များကို အောင်မြင်ပြီးမြောက်အောင်     ကြိုးပမ်း ဆောင်ရွက်သွားကြရာတွင် ခေါင်းဆောင် လုပ်သူ၏      အတတ်ပညာပိုင်းဆိုင်ရာ ပြည့်ဝမှု (Proficiency) က အရေးပါသည့် အတွက် တစ်ဦးချင်းလေ့လာမှုအားကောင်း မှသာ တွေးခေါ်ကြံစည်မှုများ ကောင်းမွန် လာမည်ဖြစ်သဖြင့်     တစ်ဦးချင်းအနေ ဖြင့်   မိမိတို့ဘဝ    တိုးတက်ရေးအတွက် လေ့လာအားထုတ် ကြိုးပမ်းသွားကြရန် လိုကြောင်း။ 


တပ်မတော် (ရေ)   အနေဖြင့်   နိုင်ငံ တော်အား     ရှေ့တန်းကျကျ    ကာကွယ် နိုင်ရမည်၊     နိုင်ငံတော်၏   ရေကြောင်း အကျိုးစီးပွားများအား    ကာကွယ်စောင့် ရှောက်နိုင်ရမည်၊   (ကြည်း၊   ရေ၊   လေ) ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရမည် ဆိုသည့် ရည်မှန်းချက်        တာဝန်များထားရှိ၍ အင်အားတောင့်တင်းပြီး       စွမ်းရည် ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော် ဖြစ်ရမည်ဟူသော တပ်မတော်၏ ရည်မှန်း ချက်တာဝန်များကို တစ်ဖက်တစ်လမ်းမှ  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်(ရေ) ရှိ စစ်ရေယာဉ် များဖြင့်  ရေပြင်စစ်ဆင်ရေး၊ ရေအောက် စစ်ဆင်ရေး၊       ဝေဟင်စစ်ဆင်ရေးနှင့် အီလက်ထရောနစ်   စစ်ဆင်ရေးတို့တွင် အောင်မြင်မှုများ   ရရှိစေရန်     ရေယာဉ်တစ်စီးချင်းစီအလိုက် သော်လည်းကောင်း၊ ရေယာဉ်အုပ်အလိုက် သော်လည်းကောင်း  လေ့ကျင့်သည်သာမက နှစ်စဉ်စစ်ရေယာဉ် တပ်ပေါင်းစု      ပင်လယ်ပြင်စစ်ဆင်မှု လေ့ကျင့်ခန်း (Combined Fleet Exer-cise)   များကို   ၂၀၁၄  ခုနှစ်မှစတင်၍  လေ့ကျင့်   ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အိမ်နီးချင်းရေတပ် များ၌ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ပြင် လေ့ကျင့်ခန်းများတွင် ပါဝင်ဆောင်ရွက် ခြင်း၊ ပင်လယ်ပြင်နယ်နိမိတ်တစ်လျှောက် ပူးတွဲကင်းလှည့်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း။   


လက်ရှိဖြစ်ပေါ်လျက်ရှိသည့်     နိုင်ငံ ရေး အခြေအနေအရ  တပ်မတော်(ရေ)    သည်  တပ်မတော် (ကြည်း)၊ တပ်မတော် (လေ) တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံ ရေးတာဝန်များကို    သက်စွန့်ကြိုးပမ်း  ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊  ဧရာဝတီမြစ်ကြောင်းနှင့်        ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်    စစ်ဆင်ရေး၊  စစ်ဘက်သယ်ယူပို့ဆောင်ရေး    တာဝန် များကို   ကျေပွန်စွာ   ထမ်းဆောင်ပေး လျက်ရှိကြောင်း၊ ခေတ်သစ်စစ်ပွဲများ၏ သဘောသဘာဝအရ တပ်ဖွဲ့အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍       စစ်ဆင်ရေးများ ဆောင်ရွက်မှသာ အောင်ပွဲရရှိမည်ဖြစ် သည့်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)   ပါဝင်သည့်   ပူးပေါင်းစစ်ဆင်ရေး  လေ့ကျင့်ခန်းများတွင် တပ်မတော်(ရေ) အနေဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်း။  


ကြပ်မတ်ဆောင်ရွက်


၂ဝ၂၃ ခုနှစ်  မေ ၁၄ ရက်တွင် ရခိုင် ပြည်နယ်အတွင်းသို့      အလွန့်အလွန်  အားကောင်းသည့်     မိုခါမုန်တိုင်းသည် စစ်တွေမှတစ်ဆင့်       ကုန်းတွင်းပိုင်းသို့    ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းပြီးပြီးချင်း တပ်မတော်(ရေ) မှ  စစ်ရေယာဉ်များဖြင့်       စားသောက်ကုန်ပစ္စည်းများ၊ ကယ်ဆယ် ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်နိုင် ခဲ့ကြောင်း၊      မုန်တိုင်းပြီးဆုံးပြီးနောက် ပြန်လည်ထူထောင်ရေးကာလတွင်လည်း    ရန်ကုန်မှ   ရခိုင်ပြည်နယ်  အတွင်းသို့ စုစုပေါင်း   ကုန်ပစ္စည်းတန်ချိန်   ၉၀၀၀ ကျော်ကို စစ်ရေယာဉ် ၄၉ စီးဖြင့် ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း၊          စစ်တက္ကသိုလ် ဗိုလ်လောင်း  သင်တန်းအမှတ်စဉ်   (၆၅) သင်တန်းဆင်းပွဲတွင်       တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော်က ချမှတ် ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ အပါအဝင်    နိုင်ငံတော်က   ပြဋ္ဌာန်းထား သည့် ဥပဒေနှင့် စည်းကမ်းများကိုလည်း  စံနမူနာပြ   လေးစားလိုက်နာကျင့်သုံးပြီး  လက်အောက်ငယ်သားများကိုပါ လိုက်နာ မှုရှိစေရေး      ကြပ်မတ်ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို   ထမ်းဆောင်ရာတွင်  မိမိ ကိုယ်ကိုသစ္စာရှိရန်၊   မိမိအလုပ်၊     နိုင်ငံ တော်နှင့် တပ်မတော်အပေါ် သစ္စာရှိရန်၊ မိမိကိုယ်တိုင်သာမက      နိုင်ငံတော်နှင့် တပ်မတော်အပေါ်  ယုံကြည်ချက်၊    ခံယူ ချက်မြင့်မားစွာ    ထားရှိရန်လိုကြောင်း အထူးအလေးအနက်ထား မှာကြားချက် နှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်   ဖြစ်ကြောင်း မြွက်ကြားခဲ့ကာ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စစ်ရေး အခြေအနေများအရ  တပ်မတော်(ရေ) အနေဖြင့် ပင်လယ်ပြင် စစ်ဆင်ရေးသာမက   မြစ်တွင်းစစ်ဆင် ရေး (Riverine Operation) များကိုပါ ဆင်နွှဲနေခြင်းဖြစ်သောကြောင့် သက်ဆိုင် ရာ    ကဏ္ဍအလိုက်     ကျွမ်းကျင်သည့် ခေါင်းဆောင်များဖြစ်ကြစေရန် လက်တွေ့ အကောင်အထည်ဖော်   ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီ အနေအထား၊ ရေကြောင်းဆိုင်ရာအကျိုး စီးပွားများနှင့်    မြန်မာ့ပင်လယ်ပြင်၏ အရေးပါမှုများကို    သိရှိထားရန်    လိုအပ် ကြောင်း၊ နိုင်ငံအကျိုးစီးပွားကို အထောက် အကူပြုသည့် မိမိတို့နိုင်ငံ၏ ရေကြောင်း  အကျိုးစီးပွားကို     ကာကွယ်ရာတွင် ကုန်သွယ်        ရေလမ်းကြောင်းများနှင့် ဆိပ်ကမ်းလုံခြုံရေးအတွက် တပ်မတော် (ရေ) က ဆောင်ရွက်ပေးလျက်ရှိသည့် အပြင် ကုန်သွယ်မှုကွန်ရက်ကို အထောက် အကူပြုသည့် မြစ်ချောင်းများ ထိန်းသိမ်း ရေးကဏ္ဍများ၌လည်း တပ်မတော်(ရေ) အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ကာကွယ်ရေးဦးစီးချုပ် (ရေ)   သည်     ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏    အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသွားသည်။   အခမ်းအနားအပြီး တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် အခမ်း အနားသို့ တက်ရောက်လာသော  အရာရှိ ကြီးများသည် ကျောင်းဆင်းအရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ ကြောင်း သတင်းရရှိသည်။    


သတင်းစဉ်