တရားမဝင် စားသောက်ကုန်၊ လိုင်စင်မဲ့ယာဉ်နှင့် သစ်မျိုးစုံ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ  ၂၅


တရားမဝင်       ကုန်သွယ်မှု တိုက်ဖျက်ရေး        ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ    ထိရောက်စွာ တားဆီး      အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဇန်နဝါရီ  ၂၀ ၊ ၂၁ ၊ ၂၂၊ ၂၃နှင့် ၂၄ ရက်တို့တွင် ရခိုင်ပြည်နယ်       တရားမဝင် ကုန်သွယ်မှု     တိုက်ဖျက်ရေး အထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်    စစ်ဆေးမှု များ   ဆောင်ရွက်ခဲ့ရာ   သံတွဲ မြို့နယ်၊      ဂွမြို့နယ်၊  ကျောက်ဖြူ မြို့နယ်၊      အမ်းမြို့နယ်နှင့် တောင်ကုတ်     မြို့နယ်များတွင်  တရားမဝင်သစ်မျိုးစုံ    ၇၀ ဒသမ ၆၃၉၄ တန်    (ခန့်မှန်းတန်ဖိုး ငွေကျပ်       ၄၈၄၁၂၉၁) အား သိမ်းဆည်းရမိခဲ့ပြီး    သစ်တော ဥပဒေနှင့်အညီ         အရေးယူ ဆောင်ရွက်လျက်ရှိသည်။ 


အရေးယူဆောင်ရွက်


အလားတူ   ဇန်နဝါရီ  ၂၄ ရက် တွင် မူဆယ် ၁၀၅  မိုင်ကုန်သွယ် ရေးဇုန်ဌာန    စုံစမ်းစစ်ဆေးရေး အဖွဲ့က          စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ  တရုတ်နိုင်ငံထုတ်     စားသောက်ကုန်     ပစ္စည်းများ     (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၇၇၃ ၃၂၀၀)နှင့်  အဆိုပါ စားသောက် ကုန်ပစ္စည်းများ      သယ်ဆောင် လာသည့်  ၂၂ ဘီး ယာဉ်   (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၇၇၃၃၂၀၀ အား    သိမ်းဆည်း ရမိခဲ့ပြီး   အကောက်ခွန်ဥပဒေနှင့် အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့အတူ   ယ‌နေ့တွင်   စစ်ကိုင်း တိုင်းဒေသကြီး     တရားမဝင် ကုန်သွယ်မှု      တိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့မှ    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့နယ်က (လိုင်စင်မဲ့)  ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ်     ၂၅၀၀၀၀၀)နှင့်     တမူးမြို့နယ်မှ     တရားမဝင်  ကညင်သစ်    ၈  ဒသမ ၃၃ တန်    (ခန့်မှန်း       တန်ဖိုးငွေကျပ် ၈၃၃၀၀၀)   စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ်   ၃၃၃၃၀၀၀  ကို သိမ်းဆည်းရမိခဲ့ပြီး    လိုင်စင်မဲ့ ယာဉ်အား ပို့ကုန်သွင်းကုန်ဥပဒေ အရလည်းကောင်း၊ တရားမဝင် ကညင်သစ်များကို     သစ်တော ဥပဒေအရ       လည်းကောင်း အရေးယူ     ဆောင်ရွက်လျက် ရှိသည်။ 


ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်        ကုန်သွယ်မှု တိုက်ဖျက်ရေး    အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ ခရိုင်   သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ် သုည ဒသမ ၈၂၆၀ တန်    (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၂၄၇၈၀၀)နှင့်      အခြား သစ်မျိုးစုံ  ၁ ဒသမ ၃၅၁၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅၇၀)၊ စုစုပေါင်း   သစ်မျိုးစုံ    ၂ ဒသမ ၁၇၇ တန်     (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၂၃၇၀) ကို သိမ်းဆည်း ရမိခဲ့ပြီး   သစ်တော ဥပဒေနှင့်အညီ    အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။


သို့ပါ၍ ဇန်နဝါရီ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄နှင့် ၂၅ ရက်တို့တွင်  သိမ်းဆည်း ရမိမှု     စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၀၆၂၄၉၈၆၁   ဖြစ်ကြောင်း    တရားမဝင်      ကုန်သွယ်မှု တိုက်ဖျက် ရေး    ဦးဆောင်ကော်မတီ မှ သိရသည်။          

   သတင်းစဉ်