
နေပြည်တော် ဇန်နဝါရီ ၂၄
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၃၆၃၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သိမ်းဆည်းရမိ
အလားတူ ဇန်နဝါရီ ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး
(၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က တရုတ် နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၁၄၁၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဇန်နဝါရီ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် ပြည်ခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ ၂၇ ဒသမ ၁၉၁၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၄၆၇၂၆)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၃)မှု၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၆၅၀၇၂၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်