
နေပြည်တော် စက်တင်ဘာ ၂၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
စက်တင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေး မြို့ ချမ်းအေးသာစံမြို့နယ် လမ်း (၃၀) (၈၁x၈၂) လမ်းကြား Honey Hive စားသောက်ကုန် (ကုန်ကြမ်း) ပစ္စည်း ရောင်းဝယ်ရေးဆိုင်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပျားရည် ၈၈ ကီလိုဂရမ်၊ Hersheys ချောကလက်အနံ့အရည် ၄၈ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၇၄၅၀၀)ကိုလည်းကောင်း၊ မန္တလေးမြို့ (၃၃)လမ်း (၈၅x၈၆)လမ်းကြား ချမ်းအေးသာစံ မြို့နယ်ရှိ (ဟွာထိုက်)ကုန်စုံအရောင်းဆိုင် ၌ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသော စားသောက် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် လိမ္မော်ယို ၂၇ ဘူး၊ Weiyi နို့နံ့ ၂၅ ဘူး အပါအဝင် ကုန်ပစ္စည်း ၃၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၄၂၀၀၀) ကို လည်းကောင်း၊ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၂)လမ်း (၈၅x၈၆)လမ်းကြား အောင်နန်း ရိပ်သာ (အနောက်လမ်း) ရှိ (ရွှေဝတ်မှုံ) မုန့်သုံးကုန်ကြမ်းပစ္စည်းမျိုးစုံနှင့် ရေသန့် ဘူးခွံအရောင်းဆိုင်၌ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသော စားသောက်ကုန်ကြမ်းပစ္စည်း ဖြစ်သည့် ငှက်ပျောနံ့ ဘူး ၁၂၀ အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၀၃၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၂၃၃၃၆၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် စက်တင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ရှောင် လမ်း ရွှေညောင်ပင်အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Battery Charger အခု ၆၅၀၊ Underwear အောက်ခံ ဘောင်းဘီ အထည် ၃၀၀၀ အပါအဝင် ကုန်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၉၂၆၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Nissan AD Van နှစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၄၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၉၂၆၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ စက်တင်ဘာ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် iPhone 15 Pro တစ်လုံး၊ အလှကုန်ပစ္စည်း ၁၄၁ ခု အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၂၃၈၈၆၂) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်း မရှိသည့် ခရီးဆောင်အိတ် ၁၀ လုံး အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၇၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Ranger တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၁၇၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၆၇၁၆၆၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်