
နေပြည်တော် ဇန်နဝါရီ ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှဦးဆောင် ၍ ညောင်ခါးရှည်နှင့် ဒိုက်ဦးအကြား ရှောင်တခင် ဝင်ရောက်စစ်ဆေး ခဲ့ရာ လမ်းမိုင်တိုင် (၁၉/၆)မိုင်ခန့်တွင် (Toyota Hiace) ခရီးသည်တင် ယာဉ်နှစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသော FUFENG အမှတ်တံဆိပ် အချိုမှုန့် ၂၅ ကီလို ဂရမ်အထုပ် ၃၀(ယာပုံ)၊ LIPO Vitan-D ၇၅ ဖာ၊ Lactasoy ဖာ ၈၀ နှင့် Sue Sat အမှတ်တံဆိပ် ဆပ်ပြာမှုန့် ၂၉ ဖာ စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၃၃၈၅၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်