တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်ဖမ်းဆီးရမိ

 

နေပြည်တော်  ဇွန် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက် စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့  ဆောင်ရွက်လျက်ရှိရာ  မေ ၃၀  ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌     ကုန်သေတ္တာရှစ်လုံး အတွင်းမှ    သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမို ပါရှိလာသည့် တရုတ်နိုင်ငံထုတ်  GI  Hollow   Pipe   ၁၉၇၉၀ ကီလိုဂရမ်   (ခန့်မှန်းတန်ဖိုးငွေကျပ်၂၉၀၉၁၃၀၀)    ကို     လည်းကောင်း၊  အေးရှား ဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌    ကုန်သေတ္တာတစ်လုံး အတွင်းမှ        သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Natural   Stone   Tile  ၇၃၉၂ ကီလိုဂရမ်    ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၁၄၅၂၈၀    ကိုလည်းကောင်း     စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်    ၄၈၂၃၆၅၈၀    ကို ဖမ်းဆီးရမိခဲ့ပြီး      အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင်  မေ  ၃၁  ရက်တွင် မန္တလေးတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများဆောင်ရွက်ခဲ့ ရာ   ရွှေကျင်စစ်ဆေးရေးစခန်း၌  မော်တော် ယာဉ်တစ်စီးပေါ်မှ   တရားမဝင်    စက်သုံးဆီ   ဒီဇယ်ဆီ     ၂၉၄၄ ဂါလန်    ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၈၅၅၀၄၀    နှင့်     အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး  ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၀၀၀၀၀၀၀  ကိုလည်းကောင်း    စုစုပေါင်း   ခန့်မှန်းတန်ဖိုး ငွေကျပ်   ၇၂၈၅၅၀၄၀  ကို   ဖမ်းဆီးရမိခဲ့ပြီး     ရေနံနှင့်    ရေနံထွက်ပစ္စည်းဆိုင်ရာ    ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မေ  ၃၀  နှင့်  ၃၁  ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ    အမှုတွဲလေးမှု၊  ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၂၁၀၉၁၆၂၀   ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။   သတင်းစဉ်