တရားမဝင် ဓာတုပစ္စည်း၊ တိုင်းရင်းဆေးနှင့် သစ်မျိုးစုံ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ  ဇန်န ဝါရီ ၂၅ ရက်တွင်   ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ   သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ မူဆယ် မြို့နယ် တိန်းလုံကျေးရွာ  ကူးတို့ ဆိပ်အနီး ကွင်းပြင်တွင် Ethanol ဟု ယူဆရသော လီတာ  ၂၀ ခန့်စီ ပါ ပလတ်စတစ်ပုံး ၂၉၀ (ခန့်မှန်း တန်ဖိုးငွေကျပ်    ၁၇၄၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး  ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး   ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

 


အလားတူ ဇန်နဝါရီ ၂၅ ရက် တွင်    ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ    မြောက်ပိုင်း ခရိုင်အတွင်း     စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ         လှော်ကား သဘာဝဥယျာဉ်အတွင်း   အုံတုံ ခေါက်(အစို) ပိဿာ ၉၀ နှင့် ဇန်န ဝါရီ ၂၆ ရက်တွင် လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းကူး တံတားပေါ်၌ Toyota Super Custom   ယာဉ် တစ်စီးပေါ်မှ   တရားမဝင်ကျွန်းခွဲ သား ၁ ဒသမ ၅၄၁၆   တန်   စုစု ပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၆၃၀)       ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ ဇန်နဝါရီ  ၂၆  ရက် တွင်   မွန်ပြည်နယ်  မရမ်းချောင် အမြဲတမ်း   စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနက      ဦး ဆောင်သော တာဝန်ကျပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိ သည့် ရသေ့တံဆိပ်ထိုင်းတိုင်းရင်း ဆေးအရည် ၁၀၁  ဖာ  (ခန့်မှန်း တန်ဖိုးငွေကျပ်       ၅၄၅၄၀၀၀)  ဖမ်းဆီးရမိခဲ့ပြီး     အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

 


ထို့အပြင် မွန်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏      စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မော်လမြိုင်ခရိုင်   သံဖြူ ဇရပ်မြို့နယ်  သံဖြူဇရပ်-ရေး ကားလမ်းအနီးတွင်   ကုန်တင် ယာဉ်နှစ်စီးပေါ်မှ ပိတောက်ခွဲသား ဆိုဒ်စုံ ၂၉  ဒသမ  ၁၃၇၂  တန် ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၄၁၁၆၀  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ      အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူပင်       ဇန်နဝါရီ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး   သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ         ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်း များအတွင်း တရားမဝင်သစ်မျိုးစုံ ၁၅ ဒသမ ၈၁၆၂ တန်    (ခန့်မှန်း တန်ဖိုးငွေကျပ်    ၃၈၇၁၈၆၀)  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ    အရေးယူဆောင်ရွက် လျက်ရှိသည်။

 


သို့ပါ၍ ဇန်နဝါရီ   ၂၅၊  ၂၆ နှင့် ၂၇ ရက်များတွင်   ဖမ်းဆီးရမိမှု စုစုပေါင်းမှာ       အမှုတွဲခုနစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၃၂၆၅၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။ 


သတင်းစဉ်