တရားမဝင် ဓာတုပစ္စည်း၊ တိုင်းရင်းဆေးနှင့် သစ်မျိုးစုံ သိမ်းဆည်းရမိ

နေပြည်တော်  ဇန်နဝါရီ   ၂၇


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ         တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် ရှမ်းပြည်နယ်     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက  သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ မူဆယ်မြို့နယ် တိန်းလုံကျေးရွာ ကူးတို့ဆိပ်အနီး   ကွင်းပြင်၌     Ethanol ဟု ယူဆရသော လီတာ ၂၀  ခန့်စီပါ ပလတ်စတစ်ပုံး ၂၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၀၀၀၀၀) သိမ်းဆည်းရမိခဲ့ပြီး ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေနှင့်အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။


 လှော်ကား သဘာဝဥယျာဉ်အတွင်း


အလားတူ ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး          တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက   မြောက်ပိုင်းခရိုင်အတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    လှော်ကား သဘာဝဥယျာဉ်အတွင်း အုံတုံခေါက်(အစို) ပိဿာ  ၉၀  နှင့်  ဇန်နဝါရီ  ၂၆  ရက်တွင် လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းကူးတံတား ပေါ်၌ Toyota  Super Custom ယာဉ်တစ်စီး ပေါ်မှ   တရားမဝင်ကျွန်းခွဲသား  (၁ ဒသမ ၅၄၁၆) တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅၆၃၀) သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက် ရှိသည်။


အရေးယူဆောင်ရွက်လျက်ရှိ


ထို့အတူ ဇန်နဝါရီ ၂၆ ရက်တွင် မွန်ပြည် နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ၌ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ ခရီးသည်တင် မှန်လုံ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် ရသေ့တံဆိပ် ထိုင်းတိုင်းရင်းဆေး အရည်   ၁၀၁  ဖာ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၅၄၀၀၀)  သိမ်းဆည်းရမိခဲ့ပြီး  အကောက် ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။


ထို့ပြင်     မွန်ပြည်နယ်     တရားမဝင်     ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်  သစ်တောဦးစီးဌာနမှဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    မော်လမြိုင် ခရိုင်    သံဖြူဇရပ်မြို့နယ်   သံဖြူဇရပ်-ရေး ကားလမ်းအနီးတွင် ကုန်တင်ယာဉ် နှစ်စီးပေါ်မှ ပိတောက်ခွဲသား ဆိုဒ်စုံ(၂၉ ဒသမ ၁၃၇၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၇၄၁၁၆၀)  သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


သတင်းအရ သွားရောက်စစ်ဆေး


အလားတူ     ဇန်နဝါရီ  ၂၇    ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး            သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ            ပဲခူးခရိုင်နှင့် တောင်ငူခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်မျိုးစုံ ၁၅ ဒသမ ၈၁၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၈၇၁၈၆၀) သိမ်းဆည်း ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်  သိမ်းဆည်းရမိမှု   စုစုပေါင်းမှာ အမှုတွဲခုနစ်မှု    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၃၂၆၅၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရ သည်။ 


သတင်းစဉ်