တရားမဝင် ကျွန်းသစ်၊ မော်တော်ယာဉ်၊ စက်သုံးဆီများ ဖမ်းဆီးရမိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး      ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး   ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ညောင်ခါးရှည်စစ်ဆေး ရေးစခန်း၌  ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ အင်ဂျင်ဝိုင်ဘူးများ ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၄၄၀၀၀၀ ကို  အကောက်ခွန်ဥပဒေအရ  လည်း ကောင်း၊ ယနေ့တွင်  တိုင်းဒေသ ကြီး       သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များဖြင့် သတင်းအရ   သွား ရောက်စစ်ဆေးခဲ့ရာ   တောင်ငူ ခရိုင် သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ် ၁၁ ဒသမ ၄၁၃၄ တန်       ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂၄၅၂၀ ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၆၄၅၂၀ ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ ယနေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး       တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေး ရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ မင်းကင်းမြို့နယ်တွင် (လိုင်စင်မဲ့) New    Asia  125 ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀ နှင့်   စစ်ကိုင်း မြို့နယ်တွင် (လိုင်စင်မဲ့) HONDA CRV  ယာဉ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ်   ၂၅၀၀၀၀၀၊ စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၅၀၀၀၀ ကို ဖမ်းဆီးရမိပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

 


သို့ပါ၍ ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်း မှာ  အမှုတွဲသုံးမှု၊   ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၃၁၄၅၂၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရ သည်။                    

သတင်းစဉ်