
နေပြည်တော် စက်တင်ဘာ ၉
အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေး ရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၉ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့ နယ် ကမ်းနားလမ်းနှင့် ဆူးလေး ဘုရားလမ်းထောင့်၌ မင်းသိန်းကျော် (ခ)ဖိုင်ဆဲ မောင်းနှင်ပြီး ဇော်ဝင်း နိုင်(ခ)အိုစမာ လိုက်ပါလာသည့် Suzuki Swift အနက်ရောင်ယာဉ် အား ရပ်တန့်စစ်ဆေးခဲ့ရာ နိုင်ငံတော်မှ မတရားအသင်း ကြေညာထားသည့် CRPH အဖွဲ့မှ ဖြန့်ဖြူးရောင်းချနေသော တရား မဝင် Raffle Ticket များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ ထွက်ဆိုချက်အရ ဩဂုတ် ၃၀ ရက်တွင် ၎င်းနေထိုင် သည့် မင်္ဂလာတောင်ညွန့်မြို့ နယ် မြန်မာ့ဂုဏ်ရည်လမ်း တိုက် အမှတ်(၈၃) အခန်း(၄)သို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှာဖွေခဲ့ရာ တရားမဝင် Raffle Ticket များ ရောင်းချရရှိငွေ ကျပ် ၁၃၂၁၈၀၀၀ ၊ တရားမဝင် Raffle Ticket များနှင့် ရောင်းချ ရာတွင် အသုံးပြုသည့်ဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိ ခဲ့သည်။
အဆိုပါ Raffle Ticket များ အား တရားမဝင် CRPH အဖွဲ့ဝင် တရားခံပြေး စည်သူမောင်(NLD ပါတီမှ ရွေးကောက်ပွဲကိုယ်စား လှယ်လောင်းအဖြစ် တင်သွင်း ခြင်းခံရသူ) ထံမှ တစ်ဆင့်မှာယူ ခဲ့ပြီး ဝေလင်းထွန်း၊ သုန္ဒရီဦး၊ ယွန်းမြတ်သီရိတို့နှင့် အတူ ရောင်းချခဲ့ကြောင်း သိရှိရသဖြင့် ဆက်စပ်တရားခံများအား ဖမ်းဆီး ရမိရေးဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်တွင် သုန္ဒရီဦးအား မင်္ဂလာ တောင်ညွန့်မြို့နယ် တောင်ညွန့် ကြီး ရပ်ကွက် (၁၀၇) လမ်း အိမ် အမှတ် (၁၅)၌ လည်းကောင်း၊ ယွန်းမြတ်သီရိအား မင်္ဂလာ တောင်ညွန့်မြို့နယ် လမ်း (၉၀) (၃) လွှာ အခန်းအမှတ်(၄၈)၌ လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
တရားခံ မင်းသိန်းကျော်(ခ)ဖိုင်ဆဲ၏ ထွက်ဆိုချက်အရ Raffle Ticket ရောင်းချ ရရှိငွေများအား စင်ကာပူနိုင်ငံ Woodlands မြို့နေ ခိုင်ခိုင်စိုး ဆိုသူထံ ကျော်ညီညီမှ တစ်ဆင့်ပေးပို့ရ မည်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျော်ညီညီအား ဩဂုတ် ၃၁ ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင် ခုံးကျော် တံတားအနီးရှိ ယုဇနတာဝါရှေ့ ကားပါကင်၌ ဖမ်းဆီးရမိခဲ့ သည်။
ထို့နောက် စက်တင်ဘာ ၂ ရက်တွင် တရားခံ ကျော်ညီညီ နေထိုင်သည့် ရန်ကုန်တိုင်းဒေသ ကြီး လှိုင်မြို့နယ် (၇)ရပ်ကွက် မဟာဆွေလမ်း မဟာဆွေကွန်ဒို ပထမထပ် အခန်း(၁၀၂)အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွား ရောက်ရှာဖွေခဲ့ရာ SIG SAUER P320 SP အမျိုးအစား ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ luger ကျည် ၂၃ တောင့်၊ ကျည်ကာ အင်္ကျီတစ်ထည်၊ ချုပ်လက်စ ကျည်ကာ အင်္ကျီ ခုနစ်ထည်နှင့် WY ဆေးပြား (ပန်းရောင်) ၁၂၅ ပြားအား သိမ်းဆည်းရမိခဲ့သည်။
တရားခံ ကျော်ညီညီ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိ လက်နက်ခဲယမ်းများအား ရွှေနန်း တော်ရွှေဆိုင် ဖောက်ခွဲဖျက်ဆီးမှု တရားခံများ ဖမ်းဆီးရမိဖြစ်စဉ်၌ ပါဝင်သည့် လက်နက်ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ဖြန့်ဖြူးရောင်းချခဲ့သူ တရားခံ အိဖြူသန့်(ခ)Emily ထံမှ ဇွန်လ အတွင်းက ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
သို့ဖြစ်ပါ၍ တရားမဝင် Raffle Ticket များရောင်းချ၍ လက်နက် နှင့် မူးယစ်ဆေးဝါးများ လက်ဝယ် ထားရှိသူ တရားခံ ငါးဦးအား တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများအား ဖမ်း ဆီးရမိရေးဆက်လက် ဆောင်ရွက် လျက်ရှိသည်။
သတင်းစဉ်