တရားမဝင် သစ်၊ တောရိုင်းတိရစ္ဆာန်၊ လျှပ်စစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်    ၁၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင်ကုန်သွယ်မှုများကို  ဥပဒေ နှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇွန် ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  မန္တလေး     (၁၆) မိုင်     ကျောက်ချောစစ်ဆေးရေးစခန်း၌  တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    နေပြည်တော်မှ   မူဆယ်မြို့သို့ ထွက်ခွာလာသော   မော်တော် ယာဉ်  တစ်စီးပေါ်ရှိ စက္ကူပုံးနှစ်ပုံးအတွင်းမှ တရားဝင် စာရွက် စာတမ်း အထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့်  သင်းခွေ ချပ် လေးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၀၀၀၀) နှင့်   အဆိုပါ   တောရိုင်းတိရစ္ဆာန်များ   တင်ဆောင်သော  ISUZU Bus တစ်စီး  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀၀)   စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၃၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး  ဇီဝ မျိုးစုံမျိုးကွဲနှင့်    သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


အလားတူ ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့ Jialing Super Cub မော်တော်ဆိုင်ကယ် နှစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

 


ထို့အတူ ဇွန် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့ သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာ လွှာတွင် ကြေညာထားခြင်းမရှိသော Hanabishi Electric Frying Pan  ၃၂၀ လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၆၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်သော DONG FENG 375 Tractor Head တစ်စီးနှင့် CIMC Semi Trailer တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကိုလည်း ကောင်း၊ မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က   ကုန်သေတ္တာတစ်လုံးအတွင်းမှ    သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော RTH PE TUBE  ၁၂၈ ခု အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၃၄၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁၁၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ 
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇွန် ၁၅ ရက်တွင် ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရေတာရှည်မြို့နယ် ကိုးပင်-သာဂရ ကားလမ်း မိုင်တိုင် (၂၅/၀)အနီး၌ တရားမဝင် ဒွနီသစ်ခွဲသား ၀ ဒသမ ၅၉၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၃၁၄)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဇွန် ၁၆ ရက်တွင် တောင်ငူမြို့မရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က တောင်ငူ မြို့နယ် ကန်ရိုးကျေးရွာ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ PUMA ဆီဆိုင် အနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ပဲခူးဘုရားကြီးနယ်မြေရဲစခန်းမှ စစ်ဆေးရေးအဖွဲ့က ပဲခူး မြို့နယ် ပျဉ်ပုံကြီးကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင် အမှတ် (၅၂/၀)၊  ပျဉ်ပုံရွှေသံလွင်တိုးဂိတ်အနီး၌   လိုင်စင်မဲ့   Nissan Murano မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၅၄၁၃၁၄ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဇွန်လ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၅၆၁၃၁၄ ဖြစ်ကြောင်း သတင်းရရှိပါသည်။                         သတင်းစဉ်