တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂၅


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၄ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲ မှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် တစ်ဦး၏ ဝန်စည်အတွင်းမှ   တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်   Bed Sheet Material အခု ၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌   ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ    တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Lactasoy ပဲနို့ ဘူး ၄၂၀၀ အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် King Long Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း       ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၇၀၀၀၀၀  ကို     ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဇူလိုင် ၂၄ ရက်တွင် မန္တလေး တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှု ဖြင့်    တာဝန်ကျ   ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံ တံတား(မန္တလေး) စစ်ဆေးရေးစခန်း၌ တာချီလိတ်မြို့မှ စစ်ကိုင်းမြို့သို့မောင်းနှင် လာသည့်   မော်တော်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား သည်နှင့် ကွဲလွဲစွာပါရှိလာသည့် Coconut Fiber   အုန်းဆံချပ်   ကီလိုဂရမ် ၆၀၀၊ Swivel Office Chair ငါးလုံး အပါအဝင် ကုန်ပစ္စည်း ၅၅ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၈၃၀၃၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)၊ စုစုပေါင်း      ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၀၈၃၀၃၀   ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ဇူလိုင် ၂၅ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏   စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ    ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌    လိုင်စင်မဲ့ Super Custom မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ ပဲခူးတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ဇူလိုင် ၂၄ ရက်တွင်  ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌   မြဝတီမြို့မှ ရန်ကုန်မြို့သို့       မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ    သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိ သည့် ဂျပန်နိုင်ငံထုတ်  စက်ဘီး (Used) အစီး ၃၈၀    (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၆၀၀၀၀)   နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan   Deisel Truck နှစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း၊ ဇူလိုင် ၂၅ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရား မဝင်ကျွန်းသစ် ၀ ဒသမ  ၆၂၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၈၇၆၈) ကို သစ်တောဥပဒေအရ    လည်းကောင်း၊ စုစုပေါင်း      ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၀၀၈၇၆၈   ကို    ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၇၉၁၇၉၈)ဖြစ်ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။


သတင်းစဉ်