
နေပြည်တော် ဇန်နဝါရီ ၂၉
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲ မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေ နှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တောင်ကုတ် မြို့နယ်တွင် တရားမဝင် တောင်သရက် ၂ ဒသမ ၀၂၉၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၀၇၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၂၇ ရက်တွင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီး ဌာနက ဦးဆောင်သော တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော Delivery Van ယာဉ် တစ်စီးပေါ်မှ ခရီးသည်ပစ္စည်းများနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရား မဝင် လူသုံးကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကိုလည်း ကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် မော်လမြိုင် မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် အင်ဂျင်ဝိုင်နှင့် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးမျိုးစုံ ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၃၀၀၀၀ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၆၃၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇန်နဝါရီ ၂၇ ရက်တွင် ကရင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ ကရိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ နယ်မြေအတွင်း စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ မော်တော်ယာဉ် ခြောက်စီးပေါ်မှ တရားမဝင် လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၆၈၄၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ခြောက်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၇၁၆၈၄၀၀)ကို ဖမ်းဆီးရမိ သဖြင့် ကော့ကရိတ်(တံတားကျိုး)ပူးပေါင်း စစ်ဆေးရေးစခန်းသို့အပ်နှံခဲ့ပြီး အကောက် ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၇၆၆၀၀၇၉၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်