တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်    ဇွန်     ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး    ဆောင်ရွက်လျက်ရှိရာ
ဇွန် ၁၈ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ်    ကျွန်းကုန်းကျေးရွာအနီး၌ မြဝတီမြို့မှ မော်လမြိုင်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ     တရားဝင်စာရွက်  စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Star Oil ကြယ်အမှတ်တံဆိပ် ဟင်းရွက်ဆီ ၁၈ လီတာ  ပါပုံး  ၁၇၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်း  တန်ဖိုးငွေကျပ် ၉၂၃၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၀၀၀၀၀၀)   စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၇၃၀၀၀၀၀ ကို  ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ    ရတနာပုံတံတား (မန္တလေး) ပူးပေါင်းစစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်တစ်စီး ပေါ်မှ   တရားမဝင်စက်သုံးဆီ   ပရီမီယမ်ဒီဇယ်ဆီ ဂါလန်  ၆၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၈၇၃၅၄၀၀) နှင့် အဆိုပါစက်သုံးဆီများ   တင်ဆောင်လာသည့် Toyoace Light Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)  ကိုလည်းကောင်း၊   ရွှေကျင်စစ်ဆေး  ရေးစခန်း၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်  စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ၆၄၄ ဂါလန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၁၅၃၀၄၀)နှင့် အဆိုပါစက်သုံးဆီ များ တင်ဆောင်လာသည့် Howo Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၁၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၈၈၈၄၄၀ ကို ဖမ်းဆီး ရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ       ပဲခူးတိုင်းဒေသကြီး       တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၈ ရက်တွင်  ညောင်ခါးရှည်
X-Ray စက် စစ်ဆေးရေးဂိတ်၌  ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့  မောင်းနှင်လာသည့်   မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား   တင်ပြနိုင်ခြင်းမရှိသည့်  ထိုင်းနိုင်ငံထုတ် ဟင်းခတ်မှုန့်  ၄၃၂ ထုပ်၊ Lithium Battery အလုံး ၁၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး   ငွေကျပ် ၁၃၀၈၀၀၀၀)  နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်း  တန်ဖိုးငွေကျပ်    ၂၅၀၀၀၀၀၀)ကို   အကောက်ခွန်  လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ဇွန် ၁၉ ရက်တွင် တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ်  ၃ ဒသမ ၀၃၈ တန်၊ သစ်မာ ၁ ဒသမ ၁၈၂ တန်၊ အခြားသစ် ၀ ဒသမ ၆၃၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၀၂၁၈)ကို  သစ်တော ဥပဒေအရလည်းကောင်း စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ်    ၃၉၄၇၀၂၁၈  ကို     ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇွန် ၁၉ ရက်တွင်    ရှမ်းပြည်နယ်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏    စီမံခန့်ခွဲမှု ဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ      ကျိုင်းတုံမြို့    မြို့ရှောင်လမ်း ကျိုင်းဖောင်းရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့်   ထိုင်းနိုင်ငံထုတ်   Lipovitan-D အားဖြည့်အချိုရည်ပုလင်း ၁၇၂၀၀   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၇၆၀၀၀၀)  နှင့်   အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၅၀၀၀၀၀၀)    စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၇၆၀၀၀၀)ကို  ဖမ်းဆီးရမိ ခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇွန်   ၂၀  ရက်တွင်   ရန်ကုန်တိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်း   ပုလဲကွန်ဒိုအနီး၌    လိုင်စင်မဲ့    Honda Fit မော်တော်ယာဉ်တစ်စီး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး   ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍  ဇွန် ၁၈ ရက်၊  ၁၉ ရက်နှင့် ၂၀ ရက် တို့တွင်   ဖမ်းဆီးရမိမှုစုစုပေါင်းမှာ  အမှုတွဲ  ၁၄ မှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၀၉၁၈၆၅၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သတင်းရရှိသည်။               
သတင်းစဉ်