တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   သြဂုတ်   ၃၁
တရားမဝင်ကုန်သွယ်မှု      တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ     တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ အကောက် ခွန်ဦးစီးဌာန၏    စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျ အကောက်ခွန်အဖွဲ့များက    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ      သြဂုတ်    ၂၅  ရက်တွင် မရမ်းချောင်     အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်းမရှိသည့်   Pascual Yogikids  ၄၈ ဘူး အပါအဝင် ကုန်ပစ္စည်း ၁၂ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck
တစ်စီးနှင့် Nissan Diesel Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၀၀၀၀၀၀၀)  ကို လည်းကောင်း၊     သြဂုတ်    ၂၈     ရက်တွင်   မရမ်းချောင်  အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကော့ကရိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာ သော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင် ခြင်း  မရှိသည့်    Wai Wai Instant Rice Vermicelli အထုပ်  ၇၇၄၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၆၅၀၀၀)  နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်   Higer Bus   တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၀၀၀၀၀၀)   ကို လည်းကောင်း   စုစုပေါင်း  ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၃၆၅၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၈ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   မုံရွာမြို့   သာစည်လမ်း၌ တရားမဝင် သယ်ဆောင်လာသည့် စက်သုံးဆီ (ဒီဇယ်ဆီ) ဂါလန် ၄၈၀၀ (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၃၈၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ    ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ရန်ကုန်-ပဲခူး လမ်းမကြီး အမှတ်(၂)လမ်းခွဲ အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Valence Adhesive  ၂၈၈  ခု   အပါအဝင် ကုန်ပစ္စည်းလေးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၆၂၅၇၀)    နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan Diesel Tractor Head  တစ်စီးနှင့်    နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)  ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဲခူးမြို့ရှောင်လမ်းမပေါ်၌      မူဆယ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် TECNO Back Bag အခု ၃၅၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၄၁၂၇၅၀၀)   နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia   တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)   ကိုလည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၈၀၄၉၀၀၇၀   ကို ဖမ်းဆီးရမိခဲ့ပြီး       အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 
ထို့အပြင်   ကရင်ပြည်နယ်    တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်      တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေး ရေးစခန်း၌   စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၈ ရက်တွင် နဘူး-မြပတိုင်ကျေးရွာချင်းဆက်လမ်းပေါ်မှ   ကော့ကရိတ်-မြဝတီ လမ်းမပေါ်သို့  မောင်းနှင်လာသော  မော်တော် ယာဉ် နှစ်စီးပေါ်မှ  တရားဝင်စာရွက်စာတမ်း အထောက်အထား     တင်ပြနိုင်ခြင်းမရှိသည့် ကျွန်းသစ်  ၉ ဒသမ ၇၅၄   တန်   အပါအဝင် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၇၉၀၀၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့် Nissan Diesel နှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ်   ၅၇၀၀၀၀၀၀)   ကိုလည်းကောင်း၊ သြဂုတ် ၂၉ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီး ပေါ်မှ  တရားဝင်စာရွက်စာတမ်း  အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Smart Softe-ner အထုပ်  ၆၄၈၀  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၅၀၀၀၀)  ကိုလည်းကောင်း     စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၀၉၁၂၉၀၀၀   ကို ဖမ်းဆီးရမိခဲ့ပြီး       အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ သြဂုတ် ၂၉ ရက်တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်သစ်တော ဦးစီးဌာန   ဦးဆောင်သော   ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ    ဆောင်ရွက်ခဲ့ရာ   ပဲခူးခရိုင် အတွင်း၌ တရားမဝင်သစ် ၁ ဒသမ ၉၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၅၇၆)ကို ဖမ်းဆီး ရမိခဲ့ပြီး  သစ်တောဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ် ၂၅ ရက်၊ ၂၈ ရက်နှင့် ၂၉   ရက်တို့တွင်    ဖမ်းဆီးရမိမှု    စုစုပေါင်း မှာ   အမှုတွဲ  ၁၈ မှု  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၈၅၁၉၆၄၆)    ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။                          သတင်းစဉ်