တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော်    ဇူလိုင်     ၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး      ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး      ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများ   ဆောင်ရွက်ခဲ့ရာ    ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်တစ်ခု အတွင်းမှ       တရားဝင်စာရွက် စာတမ်းအထောက်အထား  တင်ပြ နိုင်ခြင်းမရှိသည့်       Cosmetic   မျိုးစုံ       ၉၉ ဘူး      ခန့်မှန်းတန်ဖိုး  ငွေကျပ် ၉၀၀၀၀၀ ကိုလည်းကောင်း၊ မြန်မာ့စက်မှု ဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိ လာသည့် တရုတ်နိုင်ငံထုတ် Hand Manual Hydr-aulic Stacker တစ်ခု   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို လည်းကောင်း  စုစုပေါင်း    ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၀၀၀၀၀ ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂၈ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင် လယ်ဝေးမြို့နယ် အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၄၃၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၅၀၀၀)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ဇွန် ၃၀ ရက်တွင်   ရှမ်းပြည်နယ်   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့က    စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   တာချီလိတ်၊   မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းအနီး  ကျိုင်းတုံလမ်းမကြီးဘေး၌ စုပုံထားရှိသော အကောက်ခွန်မဲ့ပစ္စည်းများ ဖြစ်သည့် Total တံဆိပ်ပါ Rotary Hummer  ၁၁ ခု အပါအဝင် ကုန်ပစ္စည်း   ကိုးမျိုး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၅၄၀၀၀) ကို   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ ရာ ဇွန် ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရား မဝင်ကျွန်းသစ် ၀ ဒသမ ၂၆၃ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၁၉၆၈)ကို သစ်တောဥပဒေအရ  လည်း ကောင်း၊ ဇူလိုင် ၁ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရား မဝင်ကျွန်းသစ် ၀ ဒသမ ၄၂၇ တန်၊ သစ်မာ ၂ ဒသမ ၀၉၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၅၃၆) ကို သစ်တောဥပဒေအရ   လည်းကောင်း၊  ဝေါမြို့နယ် အဗျားငှက်ချေးဝင်းကျေးရွာအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့  (Denko)   ဆီဆိုင်အနီး၌ ဘားအံမြို့မှ   ရန်ကုန်မြို့သို့    မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Glory Deluxe ခြင်ထောင် ၃၀၀ အပါအဝင် ကုန် ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၀၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ   လည်း ကောင်း    စုစုပေါင်း     ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၃၂၅၀၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက် ရှိသည်။
ဇူလိုင် ၁ ရက်တွင်   မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ   ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးနှင့် ကျွဲရေကုန်းရွာကြား၌   မြစ်ကြီးနား မြို့မှ မန္တလေးမြို့သို့  မောင်းနှင်လာသောမော်တော် ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသော    စားသောက်ကုန် ပစ္စည်းများဖြစ်သည့်   တရုတ်နိုင်ငံထုတ်   ပုစွန်လုံး ပင်လယ်စာကီလိုဂရမ် ၁၀၀၀၀ နှင့် သက်တံလိပ် ကီလိုဂရမ် ၅၅၀၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၅၀၀၀၀၀) နှင့်  အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့်   Nissan Condor Van တစ်စီးနှင့် Isuzu Forward Van Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆၀၀၀၀၀၀) ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရွှေကျင် စစ်‌‌‌ဆေးရေးစခန်း၌  မော်တော်ယာဉ်  သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် ၁၁၉၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၄၆၆၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊  စက်မှုဇုန်ထုတ်  TT Truck တစ်စီးနှင့် Mitsubishi   Fuso   Truck   တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၇၅၀၀၀၀၀၀) ကို   ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်    ၃၅၆၅၄၆၆၀၀ ကို    ဖမ်းဆီးအရေးယူ       ဆောင်ရွက်လျက်ရှိ   သည်။
ဇူလိုင် ၂ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ မြိတ်ခရိုင်   ကျွန်းစုမြို့နယ် ပထက်ကျွန်းအနောက်ဘက် ၁ ဒသမ ၅ မိုင်ခန့်အကွာ ၌  စက်လှေတစ်စင်းပေါ်မှ   တရားမဝင်အခြားသစ် ၅ ဒသမ ၃၃၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၇၇၂၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် စက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၈၁၇၇၂၀ ကို  ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊  ၃၀ ရက်နှင့်  ဇူလိုင် ၁ ရက်၊ ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၉ မှု၊   ခန့်မှန်းတန်ဖိုးငွေကျပ်     ၄၆၄၃၈၅၈၂၄ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်