
နေပြည်တော် မတ် ၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မတ် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ခရီးသည်ဝန်စည်အတွင်းမှ တရား ဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ကျောက်စိမ်းဟုယူဆရသော လက်ကောက် ရှစ်ကွင်း အပါအဝင် ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၀၀၀၀၀)ကို လည်းကောင်း၊ မတ် ၂ ရက်တွင် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေး ရေးစခန်းမှ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ရန်ကုန်-မြဝတီ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင် ၄ ဖာလုံ ရွှေညောင်ပင်အနီး PUMA ဆီဆိုင်ဘေး ရှောင်ကွင်းလမ်းထိပ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Lactasoy ၃၀၀ မီလီလီတာဘူးပါ ၂၂၅ ဖာနှင့် Wai Wai တံဆိပ်ပါကြာဆံထုပ် ဖာ ၁၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ်သုံးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၀၀၀၀၀၀) ကို လည်း ကောင်း၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ဝင်ရောက် အစစ်ဆေးခံသည့် ရေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Lactasoy ၁၂၅ မီလီလီတာဘူးပါ ဖာ၁၅၀နှင့် Lipovitan–D ဖာ ၂၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၄၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ မတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ အရှေ့ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က မြောက် ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက် သုဓမ္မာလမ်းပေါ် (၆)ကွေ့မှတ်တိုင်အနီး၌ Toyota Succed အမျိုး အစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို လည်းကောင်း၊ မြောက်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က လှိုင်သာယာ မြို့နယ် ရန်ကုန် - ပုသိမ်လမ်းမကြီး မီးပွိုင့်အနီး၌ Toyota Crown အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀) ကို လည်းကောင်း တောင်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိရေးအဖွဲ့က သန်လျင်မြို့နယ် ကျိုက်ခေါက် ဘုရားလမ်း (၁၈)ကုန်းထိပ်၌ Honda Airwave အမျိုးအစား မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀ ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် (၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချင်းရွှေဟော်မှ မန္တလေးမြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော တစ်ခါသုံး Mask များ ကီလိုဂရမ် ၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၅၄၃၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်သော Nissan-Diesel အမျိုးအစား မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၉၅၄၃၈ဝ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မိုင်းဆတ် ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆိုက်ခေါင် ရွာနှင့် ကောင်းမှုတန်ရွာကြား ဆိုက်ခေါင်ဂိတ် မရောက်မီ (၂) မိုင်ခန့်အကွာတွင် စုပုံထားသော အကောက်ခွန်မဲ့ Battery များနှင့် အင်ဂျင်ဝိုင်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် မတ် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ခန္တီးမြို့နယ်အတွင်း စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ လိုင်စင်မဲ့ CANDA 125 အမျိုး အစား ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန အသီးသီး ဦးဆောင်သော ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖြူးမြို့နယ်နှင့် မင်းလှမြို့နယ်တို့ အတွင်း တရားမဝင် ကျွန်းသစ်နှင့် ပျဉ်းကတိုးသစ် ၂၂ ဒသမ ၇၉၈၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂၀၆၀၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ မတ် ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၇၂၁၀၄၄၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှသိရသည်။
သတင်းစဉ်