တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဇွန်    ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို    ဥပဒေနှင့်အညီ   ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး     ဆောင်ရွက်လျက်ရှိရာ ဇွန် ၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်  ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့်    တာဝန်ကျပူးပေါင်းအဖွဲ့က   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့  ဇဟာကျေးရွာအနီး၌ တရားဝင်စာရွက်စာတမ်း အ‌ထောက်အထားတစ်စုံ တစ်ရာ    တင်ပြနိုင်ခြင်းမရှိသည့်   Honda   Fit မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၇၀၀၀၀၀)ကိုလည်းကောင်း၊ ကော့သောင်းမြို့မ ရဲစခန်းမှ  ဒုရဲအုပ်ဦးဆောင်သော  ပူးပေါင်းအဖွဲ့က  ကော့သောင်းမြို့ ၁၀ မိုင်စစ်ဆေးရေးဂိတ်၌ တရားဝင်  စာရွက်စာတမ်းအ‌ထောက်အထား  တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Hijet မော်တော်ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၀၀၀၀၀၀)ကို  လည်း ကောင်း၊   ထားဝယ်မြို့    အမှတ်(၇၄)   ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရပ်ကွက်  (၇)လမ်းဆုံ မီးပွိုင့်အနီး၌ တရားဝင်စာရွက်စာတမ်း အ‌ထောက် အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် Toyota  Probox မော်တော်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်၂၅၀၀၀၀၀)ကိုလည်းကောင်း၊ ထားဝယ်မြို့ ဇရစ်ရပ်ကွက်   စျေးကြီးအနီး၌   တရားဝင်စာရွက်  စာတမ်း အ‌ထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် Honda Fit မော်တော်ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)  ကို  လည်း ကောင်း၊ ထားဝယ်ခရိုင်   မှုခင်းနှိမ်နင်းဌာနစိတ်မှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်      အဝေးပြေးကားကွင်းရှိ မန်းရတနာကားဂိတ်အား သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အ‌ထောက် အထား    တစ်စုံတစ်ရာ    တင်ပြနိုင်ခြင်းမရှိသည့်   Chang    ဘီယာဘူး   ၁၉၂၀   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၀၀၀၀) ကိုလည်းကောင်း၊ Leo ဘီယာဘူး ၇၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၂၀၀၀)ကို လည်းကောင်း၊ Black and White Whisky ၃၆ ပုလင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၁၀၀၀၀)ကို လည်းကောင်း၊ Bland  285  ၁၂ ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀၀၀၀)ကိုလည်းကောင်း  စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁၈၂၀၀၀   ကို   ဖမ်းဆီးရမိခဲ့ပြီး   သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊    ဥပဒေများနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ဇွန် ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ချမ်းမြ သာစည်မြို့နယ်   ၁၃၈ x ၁၃၉ လမ်းကြား ၅၆ လမ်း ဂိုဒေါင်အမှတ် (H-220)၌ စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ   တရားမဝင်အကောက်ခွန်မဲ့  အဆိုးထုပ်(ခ)ဘေထုပ်    အထုပ်   ၄၅၀   (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၂၅၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့အတူ ဇွန် ၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မအူပင် မြို့နယ်      တလုပ်လုပ်ကျေးရွာ     မြို့ဝင်ပူးပေါင်း စစ်ဆေးရေးဂိတ်၌      တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ  တင်ပြနိုင်ခြင်းမရှိ သည့် Honda Fit မော်‌တော်ယာဉ်တစ်စီး (ခန့်မှန်း  တန်ဖိုးငွေကျပ်   ၈၅၀၀၀၀၀)ကို   ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင်  ဇွန်   ၆  ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်        ခရိုင်သစ်တောဦးစီးဌာနအလိုက် ဦးဆောင်သော  ပူးပေါင်းအဖွဲ့များက ညောင်လေးပင် ခရိုင်နှင့်    ပြည်ခရိုင်များအတွင်း   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   တရားမဝင်ကျွန်းသစ်  ၀ ဒသမ ၂၆၈၆ တန်နှင့် အခြားသစ် ၁ ဒသမ ၁၀၆၆ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၆၄၂၆)ကို  သစ်တော ဥပဒေအရ လည်းကောင်း၊ တာဝန်ကျပူးပေါင်းအဖွဲ့က ရန်ကုန်-မော်လမြိုင်ကားလမ်း စစ်တောင်းတံတား (မုပ္ပလင်)   ပူးပေါင်းစစ်ဆေးရေးဂိတ်၌   တရားဝင် စာရွက်စာတမ်းအထောက်အထား  တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်    Honda   Fit  မော်‌တော် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀) ကို    ပို့ကုန်သွင်းကုန်   ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၆၆၄၂၆  ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် ဇွန် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း    အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်   Lady Wear   အခု  ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၇၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Hyundai Bus မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)   စုစုပေါင်း    ခန့်မှန်း တန်ဖိုးငွေကျပ်    ၃၃၇၅၀၀၀၀ ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်          လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့   အမှတ်(၁၁၄)  ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကျွဲရဲပူးပေါင်းစစ်ဆေးရေးဂိတ်၌   တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိသည့် Noah မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၅၀၀၀၀၀)နှင့် ရွှေဘိုမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ်ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရွှေဘိုမြို့  စခတ(၈)ပူးပေါင်းစစ်ဆေး ရေးဂိတ်၌    တရားဝင်စာရွက်စာတမ်း   အထောက် အထားတစ်စုံတစ်ရာ        တင်ပြနိုင်ခြင်းမရှိသည့် Nissan Advan   မော်တော်ယာဉ်တစ်စီး   (ခန့်မှန်း တန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)ကို   ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊  မုံရွာမြို့နယ် မြစ်နားကိုင်း  ကျေးရွာအနီး၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်  ၀ ဒသမ ၈၈၄ တန်နှင့် အခြားသစ်  ၁၃၃ ဒသမ ၃၁၈  တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၂၇၅၀)ကို သစ်တော ဥပဒေအရလည်းကောင်း   စုစု‌ပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၂၀၂၇၅၀ ကို  ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ    အမှုတွဲ  ၁၄ မှု  ခန့်မှန်း တန်ဖိုးငွေကျပ် ၁၉၈၉၀၁၁၇၆  ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ သိရသည်။ 
သတင်းစဉ်