တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ    ၁၂


တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး     ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏    စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ်  မရမ်း ချောင်   အမြဲတမ်းစစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ ဧပြီ ၁၀ ရက်တွင်   မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်    တစ်စီးပေါ်မှ သွင်းကုန်     ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော Gas Stove ၄၂၀၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၀၂၇၄၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် သော Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၀၀၀၀၀)ကို လည်းကောင်း၊ ဧပြီ ၁၁ ရက်တွင်   မြဝတီမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်   တစ်စီးပေါ်မှ သွင်းကုန်      ကြေညာလွှာတွင် ကြေညာထားသည်ထက်   ပိုမို တင်ဆောင်လာသော Iron Bar Celling ကီလိုဂရမ် ၆၀၀၀(ခန့်မှန်း တန်ဖိုး   ငွေကျပ် ၈၁၈၂၆၂၀)နှင့် အဆိုပါပစ္စည်းများ   တင်ဆောင် သော Man Tractor Head တစ်စီး နှင့်     နောက်တွဲယာဉ်   တစ်တွဲ (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၅၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၇၁၀၀၂၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်း များနှင့်အညီ   အရေးယူဆောင် ရွက်လျက်ရှိသည်။

 


အလားတူ ဧပြီ ၁၁ ရက်တွင် ရှမ်းပြည်နယ်      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်ခရိုင် တရားမဝင်ကုန်စည်    တားဆီး ထိန်းချုပ်ရေးအဖွဲ့က မူဆယ်မြို့ မန်ဝိန်းဂိတ်မှ ဝင်ရောက်လာသော မော်တော်ယာဉ်       တစ်စီးအား မူဆယ်မြို့ရှောင်လမ်း ဂေါက်ကွင်း ဘေးတစ်နေရာတွင် ရပ်တန့်ထား သည်ကို တွေ့ရှိသဖြင့် မူဆယ်မြို့ အကောက်ခွန်     ဦးစီးဌာနမှူးရုံး သို့    ပို့ဆောင်၍   စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက် စာတမ်း အထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Fabric Sectional Sofa Setအလုံး ၃၀၊ Plywood  ၇၅ ချပ်  အပါအဝင် ကုန်ပစ္စည်း  ခုနစ်မျိုး   (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၃၉၀၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် သော Dongfeng Truck တစ်စီး (ခန့်မှန်းတန်ဖိုး         ငွေကျပ် ၁၆၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၄၀၃၉၀၅၀ ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်    အညီ အရေးယူ     ဆောင်ရွက်လျက်ရှိ သည်။ 

 


ထို့အတူ    ဧပြီ ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏     စီမံခန့်ခွဲမှုဖြင့်    ခရိုင် နှင့်    မြို့နယ်သစ်တောဦးစီးဌာန အလိုက် ဦးဆောင်သော ပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည် ခရိုင်တို့အတွင်း     တရားမဝင် သစ်မျိုးစုံ ၁၀ ဒသမ ၂၅၀ တန် (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၂၄၆၃၂၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဧပြီ ၁၀ ရက်နှင့် ၁၁   ရက်တို့တွင်    ဖမ်းဆီးရမိမှု စုစုပေါင်းမှာ    အမှုတွဲ    ရှစ်မှု (ခန့်မှန်းတန်ဖိုး        ငွေကျပ် ၁၂၃၂၁၂၃၅၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ 

 


သတင်းစဉ်