
နေပြည်တော် ဇန်နဝါရီ ၂၃
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာတွင် ပူးပေါင်းအဖွဲ့များမှ စစ်တွေမြို့နယ်တွင် သစ်မျိုးစုံ ၃ ဒသမ ၄၉၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၁၃၆)၊ ဇန်နဝါရီ ၁၉ ရက်၌ တောင်ကုတ် မြို့နယ်တွင် တောင်သရက်ခွဲသား ၃ ဒသမ ၄၇၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၄၇၄၀၀) စုစုပေါင်း သစ်မျိုးစုံ ၆ ဒသမ ၉၆၈၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၀၆၅၃၆)ကို ဖမ်းဆီးရမိခဲ့သဖြင့် မြို့နယ်သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
အလားတူ ဇန်နဝါရီ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ U.S.A နိုင်ငံမှတင်သွင်းသော သွင်းကုန် ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Food Supplement Dietary Supplement Item လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၉၄၀၀၀၀)နှင့် သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာ ထားခြင်းမရှိသော Food Supplement Dietary Supplement Item ရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၀၈၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀၀၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီး ဌာနက ဦးဆောင်သော တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် TOFFEE Candy ပုံး ၁၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များက ရှောင်တခင်လှည့်လည် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ဘားအံမြို့နယ် သာယာကုန်းကျေးရွာအုပ်စု အာရှလမ်းမပေါ်တွင် ဖိနပ်မျိုးစုံ ၇၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၆၅၆၀၀) နှင့် အဆိုပါ ဖိနပ်များ သယ်ဆောင်လာသော ၁၆ ဘီးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၆၅၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်လျက်ရှိ
ထပ်မံ၍ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနကဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ် ၆ ဒသမ ၂၈၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၈၅၆၀) နှင့် အခြားသစ်မျိုးစုံ ၂ ဒသမ ၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၁၀၀) စုစုပေါင်း သစ်မျိုးစုံ ၈ ဒသမ ၇၄၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၄၆၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရုတ်နိုင်ငံထုတ် Chunliang Yuanjing အမှတ်တံဆိပ် အရက် ၄၈ ပုလင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၀၀၀၀)နှင့် TAILI အမှတ်တံဆိပ်ပါမီးသီး(36W) အလုံး ၄၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များတွင် ကညင်သစ် ၁၄ ဒသမ ၄၂၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၁၄၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၁၈၊ ၁၉၊ ၂၂ နှင့် ၂၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၉၉၁၈၁၉၆ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်