တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များ၊ လက်ကိုင်ဖုန်း Hand Set နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၁၅


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး        ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ    တားဆီးအရေးယူ နိုင်ရေး    ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ   ၁၄ ရက်တွင်   ရေပူ အမြဲတမ်းစစ်ဆေးရေး   စခန်းရှိ အကောက်ခွန်        ဦးစီးဌာနနှင့် ပူးပေါင်း    စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ Hino Profia Truck ယာဉ်အမှတ်၊ 7M- 8900 ၁၂ ဘီးယာဉ်ပေါ်တွင်စာရွက် စာတမ်း အထောက်အထားတစ်စုံ  တစ်ရာ     တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသော    Mobile Phone Hand Set အမျိုးမျိုး ၇၄၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၈၇၆၆၇၀၀)၊ Power Bank ၅၇၀    (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၅၀၀၀၀)နှင့် Phone Charger Cable ၃၈၅ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၇၅၀၀)၊ အဆို ပါပစ္စည်းများ တင်ဆောင်လာ သော Hino Profia Truck ယာဉ် တစ်စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)တို့ကို ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးအမှု လေးမှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၆၈၉၄ ၂၀၀)အား   အကောက်ခွန်ဦးစီး ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 

 


အလားတူ   ဧရာဝတီတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်        တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်  သတင်းအရ သွားရောက်စစ်ဆေးရာ  ရေကြည် မြို့နယ်   ပန်းပုကွင်းကျေးရွာရှိ ခြံဝင်းတစ်ခုအတွင်း၌ တရားမဝင် တောင်သရက်ခွဲသား (၀ ဒသမ ၈၀၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၂၅၀)  ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏   လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ  ယနေ့တွင်  မရမ်း ချောင်     အမြဲတမ်းစစ်ဆေးရေး စခန်းရှိ  အကောက်ခွန်ဦးစီးဌာန နှင့်   ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ        ပြုလုပ်စဉ် Mitsubishi   Fuso   Truck ယာဉ်အမှတ်၊ 4K-7217 (၁၂)ဘီး ယာဉ်ပေါ်၌ သွင်းကုန်ကြေညာလွှာ တွင်     ဖော်ပြပါရှိခြင်း   မရှိဘဲ သယ်ဆောင်လာသော   (Adda အမှတ်တံဆိပ်) မိုးတွင်းစီးဖိနပ် ၄၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) နှင့်   အဆိုပါပစ္စည်း များ သယ်ဆောင်လာသော Mits-ubishi Fuso Truck ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်  ၃၀၀၀၀ ၀၀၀)  တို့ကို   ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးအမှု   နှစ်မှု၊    (ခန့်မှန်း တန်ဖိုးငွေကျပ်  ၃၈၀၀၀၀၀၀) ကို အကောက်ခွန်ဦးစီးဌာန၏  လုပ် ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင်  ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး   သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ  ပဲခူး၊  တောင်ငူနှင့် သာယာဝတီခရိုင် သစ်တောကြိုး ဝိုင်းများအတွင်းရှိ    တရားမဝင် ကျွန်းသစ် ၁၅ ဒသမ ၆၉၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၇၇ ၅၀၀)နှင့် သစ်မာ ၁၅ ဒသမ ၄၀၆ တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၅၇၈၀၀)၊  စုစုပေါင်းသစ်မျိုးစုံ ၃၁ ဒသမ ၁ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၃၅၃၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး  သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ    ဆောင်ရွက်လျက်ရှိ သည်။ 

 


ထပ်မံ၍  စစ်ကိုင်းတိုင်းဒေသ ကြီး     တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့်    တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်  စစ်ဆေးခဲ့ ရာ ကသာခရိုင် ဗန်းမောက်မြို့နယ် တွင်  တရားမဝင်သစ်မျိုးစုံ  ၁၃ ဒသမ ၀၃ တန်နှင့်  ချိန်းဆော တစ်  လက်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၅၄၇၉၀)ကို  ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏   လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။  

 


သို့ဖြစ်ပါ၍ ဇန်နဝါရီ ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ   အမှုတွဲ   ကိုးမှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၀၆၈၄၅၄၀)   ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးဦးဆောင်ကော်မတီမှ   သိရ သည်။            
           

 သတင်းစဉ်