တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်နှင့် လက်ကိုင်ဖုန်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ  ၁၈


တရားမဝင်     ကုန်သွယ်မှု  တိုက်ဖျက်ရေး       ဦးဆောင် ကော်မတီ၏     ကြီးကြပ်ကွပ်ကဲ မှုဖြင့်      တရားမဝင်ကုန်သွယ်မှု များကို  ဥပဒေနှင့်အညီ  ထိရောက် စွာ    တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ   ဇန်နဝါရီ ၁၇ ရက်တွင်    စုံစမ်းစစ်ဆေးရေး အရာရှိ(မန္တလေး)နှင့်     စုံစမ်း စစ်ဆေးရေးနှင့်     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲ အကောက်ခွန်       ဦးစီးဌာနမှ မန္တလေး -   လားရှိုး -   မူဆယ် ပြည်ထောင်စုလမ်းမကြီး  (၂၁/၃)မိုင်ခန့်တွင်  စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ   ယာဉ်အမှတ်    1F/8750 YUTONG BUS  ပေါ်တွင်     တရားဝင် စာရွက်စာတမ်း     အထောက် အထား  တစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိဘဲ     တင်ဆောင်လာသည့် ဖုန်းမျိုးစုံ   ၁၇၀၅ လုံး   (ခန့်မှန်း တန်ဖိုးငွေကျပ်    ၂၅၀၆၄၄၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသော       YUTONG BUS  
တစ်စီး    (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)   စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ်     ၂၈၀၆၄၄၀၀ ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် ဦးစီးဌာန၏      လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။


အလားတူ       မွန်ပြည်နယ် တရားမဝင်           ကုန်သွယ်မှု တိုက်ဖျက်ရေး     အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်     တိုင်းဒေသကြီး သစ်တောဦးစီးဌာနက     ဦးဆောင် ၍   ပူးပေါင်းအဖွဲ့များဖြင့် သတင်း အရ    သွားရောက်စစ်ဆေးခဲ့ရာ မော်လမြိုင်ခရိုင်       သံဖြူဇရပ် မြို့နယ်      မြို့မ(တောင်)ဘိနယ် စခန်းကြီး     ကျေးရွာအနီးတွင် တရားမဝင်သစ် ပိတောက်ခွဲသား ၇ ဒသမ ၃၀၈၂  တန်    (ခန့်မှန်း တန်ဖိုးငွေကျပ်      ၃၆၅၄၁၀၀)  ဖမ်းဆီးရမိခဲ့ပြီး   သစ်တောဦးစီး ဌာန၏   လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။ 


ထို့အတူ      ဧရာဝတီ တိုင်းဒေသကြီး   တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ    ပုသိမ် မြို့နယ်၊     သာပေါင်းမြို့နယ်နှင့် မော်ကျွန်း    မြို့နယ်များအတွင်း တရားမဝင်      သစ်ခွဲသားမျိုးစုံ ၁၇၂  ဒသမ  ၀၈၅  တန် (ခန့်မှန်း တန်ဖိုးငွေကျပ်    ၂၉၂၁၇၇၂၄၀) ဖမ်းဆီးရမိခဲ့ပြီး   သစ်တောဦးစီး ဌာန၏  လုပ်ထုံးလုပ်နည်းများနှင့် အညီ   အရေးယူဆောင်ရွက်လျက် ရှိသည်။ 


ထို့ပြင်    ယနေ့တွင်   ပဲခူး တိုင်းဒေသကြီး      တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏           စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး       သစ်တော ဦးစီးဌာနက  ဦးဆောင်၍  ပူးပေါင်း အဖွဲ့များဖြင့်        သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူ ခရိုင်နှင့်      သာယာဝတီခရိုင် သစ်တော ကြိုးဝိုင်းများအတွင်းရှိ တရားမဝင်   ကျွန်းသစ် ၁၀ ဒသမ ၀၀၆ တန်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၁၉၃၀၀) နှင့် အခြားသစ်မျိုးစုံ သုည ဒသမ ၉၂၁ တန်       (ခန့်မှန်း တန်ဖိုးငွေကျပ်         ၉၂၁၀၀) စုစုပေါင်း  တရားမဝင်   သစ်မျိုးစုံ ၁၀ ဒသမ ၉၂၇ တန်  (ခန့်မှန်းတန်ဖိုး ငွေကျပ်    ၂၁၁၁၄၀၀)  ဖမ်းဆီး ရမိခဲ့ပြီး    သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ     ဆောင်ရွက်လျက်ရှိ သည်။ 


ထပ်မံ၍                     စစ်ကိုင်း တိုင်းဒေသကြီး         တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူး အဖွဲ့၏          စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး    သစ်တောဦးစီး ဌာနက ဦးဆောင်၍  ပူးပေါင်းအဖွဲ့ များဖြင့်      သတင်းအရ သွားရောက်  စစ်ဆေးခဲ့ရာ     မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် တရားမဝင် သစ်မျိုးစုံ  ၁ ဒသမ ၂၇၅ တန်နှင့် ဂျင်ဒေါင်းအင်ဂျင်     ၂၅ ကောင် အင်ဂျင်တစ်လုံး စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၇၆၆၀ ဖမ်းဆီး ရမိခဲ့ပြီး  သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်း   များနှင့်အညီ အရေးယူ      ဆောင်ရွက်လျက်ရှိ သည်။ 


သို့ပါ၍    ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တွင်        ဖမ်းဆီးရမိမှု စုစုပေါင်းမှာ     အမှုတွဲခြောက်မှု  စုစုပေါင်း    ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၈၇၅၄၄၀၀      ဖြစ်ကြောင်း တရားမဝင်          ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ မှ     သိရသည်။      

သတင်းစဉ်