
နေပြည်တော် ဇန်နဝါရီ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက် တွင် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် မူးယစ်အကူ နှိမ်နင်းရေးဌာနစုအဖွဲ့မှ ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ ဘားအံ သို့ သွားရောက်မည့်ယာဉ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် သစ်သီးမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၆၇၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာ သော ယာဉ်အမှတ်၊ 6P/1008 (TOYOTA VOXY)ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ သစ်သီးမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၀၀၀၀)နှင့် အဆိုပါသစ်သီးများ တင်ဆောင်လာသော ယာဉ် အမှတ်၊ 2Q/8287 (TOYOTA Hiace) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)၊ စုစုပေါင်း သစ်သီးမျိုးစုံနှင့် ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၂၁၇၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီး ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇၆၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ယာဉ်အမှတ်၊ 3B/2012 (TOYOTA Dyna) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၇၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့များမှ သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ရွှေဘိုမြို့နယ်တွင် Honda insight (လိုင်စင်မဲ့) ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၀၀၀၀၀) ကို လည်းကောင်း၊ မော်လိုက် မြို့နယ်တွင် ကျွန်းသစ် ငါးတန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀) သိမ်းဆည်း၍ မော်တော်ယာဉ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ကျွန်းသစ်များကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ အသီးသီးအရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ယနေ့တွင် ပဲခူးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ပဲခူး၊ တောင်ငူနှင့် သာယာ ဝတီခရိုင် သစ်တောကြိုးဝိုင်းများအတွင်းရှိ တရား မဝင် ကျွန်းသစ်(၁၃ ဒသမ ၇၁၂၂)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၂၇၇၆၀)နှင့် သစ်မာ (၆ ဒသမ ၄၅၄၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၈၁၉၂၀)၊ စုစုပေါင်း တရားမဝင်သစ်မျိုးစုံ (၂၀ ဒသမ ၁၆၇) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၉၀၉၆၈၀) ကို ဖမ်းဆီးရမိပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၆၃၇၁၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။
သတင်းစဉ်