တရားမဝင် သစ်မျိုးစုံ၊ တောရိုင်းတိရစ္ဆာန်များနှင့် လူသုံးကုန်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်   ဇန်နဝါရီ  ၁၂


တရားမဝင်   ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို  ဥပဒေနှင့် အညီ ထိရောက်စွာ တားဆီးအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်း  စစ်ဆေးရေးစခန်း ပူးပေါင်းအဖွဲ့က Toyota Hiace ယာဉ်နှစ်စီးပေါ်မှ  ခရီးသည်ပစ္စည်း များနှင့်အတူ             ရောနှော သယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် လျှပ်စစ်ရေနွေးအိုး ၃၉၀ ၊ ဖိနပ်အစုံ  ၅၈၀၊ လျှပ်စစ်ဒယ်အိုး ၁၀၀၊   ခေါင်းလိမ်းဆီဘူး ၅၈၀ (ခန့်မှန်းတန်ဖိုး           ငွေကျပ် ၇၉၁၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ သည်။


သိမ်းဆည်းရမိ


အလားတူ   စစ်ကိုင်းတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့က  ကလေးဝမြို့နယ် ၌ တောရိုင်းတိရစ္ဆာန်မျိုးစုံ    ၈၂ ကောင် (  ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပူးပေါင်း အဖွဲ့က       ကလေးမြို့နယ်တွင် (လိုင်စင်မဲ့)  Toyota   Alphard ယာဉ်တစ်စီး  (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၀၀၀၀၀၀) ကိုလည်းကောင်း  သိမ်းဆည်းရမိခဲ့သည်။


ထို့အပြင် ယနေ့တွင် ပဲခူးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံ ခန့်ခွဲမှုဖြင့်         တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့်   ပဲခူး၊ တောင်ငူနှင့် သာယာဝတီခရိုင်များ အတွင်းရှိ ကြိုးဝိုင်းသစ်တောများ အတွင်း       တရားမဝင်သစ်များ ထုတ်လုပ်လျက်        ရှိကြောင်း သတင်းအရ  ဝင်ရောက်စစ်ဆေး ခဲ့ရာ တရားမဝင်သစ်မျိုးစုံ  ၄၅ ဒသမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၈၃၃၅၄၀)  ကို  သိမ်းဆည်း ရမိခဲ့သည်။ 


အရေးယူဆောင်ရွက်


သို့ပါ၍ ဇန်နဝါရီ ၁၁ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်း    ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိသည့် လူသုံးကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၁၅၀၀၀)ကို  အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ   ဖမ်းဆီးရမိသည့် တောရိုင်းတိရစ္ဆာန် ၈၂ ကောင် (ခန့်မှန်း          တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)နှင့်ပတ်သက်၍ ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ     ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ အရလည်းကောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ဖမ်းဆီး ရမိသည့်   လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်း           တန်ဖိုးငွေကျပ် ၅၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ ပဲခူး တိုင်းဒေသကြီးမှ ဖမ်းဆီးရမိသည့် သစ်မျိုးစုံ ၄၅ ဒသမ ၀၀၉ တန် (ခန့်မှန်းတန်ဖိုး       ငွေကျပ် ၆၈၃၃၅၄၀)ကို သစ်တောဦးစီးဌာန ၏    လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း          အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။            

   

    သတင်းစဉ်