တရားမဝင် သစ်ပရိဘောဂပစ္စည်းများ၊ လူသုံးကုန်နှင့် စက်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော် ဖေဖော်ဝါရီ ၂၆


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး       ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူ နိုင်ရေး     ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက် များတွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်        ကုန်သွယ်မှု တိုက်ဖျက်ရေး   အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်    တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး  အဖွဲ့များက စစ်ဆေးမှုများ   ဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့နယ်နှင့်    ထန်းတပင် မြို့နယ်များအတွင်း   တရားမဝင် ကျွန်းပရိဘောဂပစ္စည်းများ၂ ဒသမ ၆၈၄၄ တန်   (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၅၃၂၀) ကို ဖမ်းဆီးရမိ ခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ အရေးယူ            ဆောင်ရွက်လျက် ရှိသည်။

 


အလားတူ ဖေဖော်ဝါရီ  ၂၅ရက် တွင်        မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင် ကုန်သွယ်မှု  တိုက်ဖျက်ရေးဌာနခွဲ နှင့်  တာဝန်ကျအကောက်ခွန်အဖွဲ့ တို့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ ရာ သွင်းကုန်ကြော်ငြာလွှာ IDတွင် ကြေညာထားခြင်းမရှိသော လူသုံး ကုန်၊ စက်ပစ္စည်းများနှင့် Printer အပိုပစ္စည်းများ  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅၂၃၁၀၀၀)ကိုလည်း ကောင်း၊   သွင်းကုန်ကြော်ငြာလွှာ ID တွင်  ကြေညာထားသည်ထက် ကွဲလွဲစွာပါရှိလာသော လူသုံးကုန် ပစ္စည်းများ       (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၀၀၀၀၀၀)ကို လည်း ကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၂၃၁၀၀၀)ကို ဖမ်းဆီးရ မိခဲ့ပြီး   အကောက်ခွန်ဥပဒေနှင့် အညီ  အရေးယူဆောင်ရွက်လျက် ရှိသည်။

 


ထို့အတူ    ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်     (တံတားကျိုး)စုပေါင်း   စစ်ဆေးရေးစခန်း၌ ပူးပေါင်းစစ်ဆေးရေး  အဖွဲ့များမှ စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ မြဝတီမှ  မော်လမြိုင်သို့   သွား ရောက်မည့် ကုန်တင်ယာဉ်ပေါ်၌ အကောက်ခွန်   ပေးဆောင်ထား သည့်  ကုန်ပစ္စည်းများနှင့်အတူ ရောနှော      သယ်ဆောင်လာ သော  တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံ ထုတ် တရားမဝင် အိမ်သုံးပစ္စည်း များ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၂၅၀၀၀)ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်     ဥပဒေနှင့်အညီ အရေးယူ         ဆောင်ရွက်လျက် ရှိသည်။ 

 


သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ခြောက်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၂၆၁၃၂၀) ဖြစ်ကြောင်း တရား မဝင်  ကုန်သွယ်မှု  တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ                သိရ သည်။


သတင်းစဉ်