
နေပြည်တော် နိုဝင်ဘာ ၁၄
တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၂၅၇ စီး၊ သွင်းကုန် ၁၂၄ စီး၊ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၂၅၃ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်တွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၅၀၀ သန်းတန်ဖိုးရှိ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D (100mlx50) (100 Pkgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်