တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၇


တရားမဝင်      ကုန်သွယ်မှု တိုက်ဖျက်ရေး        ဦးဆောင် ကော်မတီ၏        ကြီးကြပ် ကွပ်ကဲမှုဖြင့်       တရားမဝင် ကုန်သွယ်မှုများကို    ဥပဒေ နှင့်အညီ            ထိရောက်စွာ တားဆီး       အရေးယူနိုင် ရေး    ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၆ ရက်တွင် သံတွဲ မြို့နယ်အတွင်း   တရားမဝင် သစ်များ    သယ်ဆောင်နေ ကြောင်း         သတင်းအရ ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ      သံတွဲ - တောင်ကုတ် ကားလမ်းဘေး ရှိ    ရေစင်ကျေးရွာ  လမ်းမ ပေါ်တွင်  ယာဉ်အမှတ် YGN-1P/7980   ပေါ်တွင်     တောင် သရက်ခွဲသားဆိုဒ်စုံ  ၄ ဒသမ ၅၃၃၈    တန်    ခန့်မှန်းတန်ဖိုး    ငွေကျပ်  ၆၈၀၀၇၀ နှင့် ယာဉ်အမှတ် BGO-4I/5636   ပေါ်တွင် တောင်သရက်ခွဲသား ၃ ဒသမ ၅၅၄၀ တန်   ခန့်မှန်း တန်ဖိုး  ငွေကျပ်  ၅၃၃၁၀၀ စုစုပေါင်းသစ်ခွဲသား ၈ ဒသမ ၀၈၇၈ တန်     ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၁၃၁၇၀   တို့ကို  စစ်ဆေးတွေ့ရှိ    သိမ်းဆည်း ရမိခဲ့သည်။

 


အလားတူ      ဇန်နဝါရီ ၇ ရက်တွင် ပဲခူးတိုင်းဒေသ ကြီး  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်    ပဲခူးတိုင်း ဒေသကြီး    သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်း အဖွဲ့များမှ သတင်းအရ   ပဲခူး ခရိုင်၊  တောင်ငူခရိုင်၊  ပြည် ခရိုင်နှင့်  သာယာဝတီခရိုင် အတွင်းရှိ   တရားမဝင်   သစ် ထုတ်လုပ် ရောင်းဝယ်မှုများ အား         အဖွဲ့ငယ်များခွဲ၍ တစ်ပြိုင်တည်း    ဝင်ရောက် စစ်ဆေးခဲ့ရာ    တရားမဝင် ကျွန်းသစ် ၂၉ ဒသမ ၄  တန်၊ ပျဉ်းကတိုး   ၉ ဒသမ ၅ တန်၊ သစ်မာ ၁၀ ဒသမ ၆ တန်နှင့် အခြားသစ်  ၃၂ တန်     စုစု ပေါင်း သစ်မျိုးစုံ ၈၁ ဒသမ ၅ တန်နှင့်  သစ်တင်ဆောင် သည့် မော်တော်ယာဉ်သုံးစီး ကို ဖမ်းဆီးရမိခဲ့သည်။

 


သို့ပါ၍  ဇန်နဝါရီ ၆ ရက် တွင်  သစ်ခွဲသား  ၈ ဒသမ ၀၈၇၈ တန်နှင့်     ဇန်နဝါရီ ၇ ရက်တွင်  သစ်မျိုးစုံ ၈၁ ဒသမ ၅ တန်     စုစုပေါင်း ဖမ်းဆီးရမိသစ် ၈၉ ဒသမ ၆ တန်နှင့်    သစ်တင်ဆောင် သည့် မော်တော်ယာဉ်သုံးစီး ကို     သိမ်းဆည်းအမှုတွဲ ဖွင့်လှစ်ခဲ့ပြီး      ဌာနဆိုင်ရာ လုပ်ထုံး     လုပ်နည်းများနှင့် အညီ  ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း တရားမဝင်    ကုန်သွယ်မှု တိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။ 


သတင်းစဉ်