
နေပြည်တော် စက်တင်ဘာ ၅
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ဩဂုတ် ၃၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ် အမှတ် ၂၂ ရပ်ကွက် ဝါးတရာဆိပ်ကမ်း၌ တရားမဝင် ကျွန်းသစ် ၇၉ ဒသမ ၂၅၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂,၃၀၈,၁၀၂)၊ ၂၂ ဘီးယာဉ် တွဲကားသုံးစီး၊ ကရိန်းယာဉ်တစ်စီး၊ လူစီးကားတစ်စီးနှင့် စက်လှေ တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန်(၂)၊ (၈၉) ရပ်ကွက် မင်းသားကြီးလမ်း ခြံအမှတ် (၁၂၈)၌ တရားမဝင်သစ်မျိုးစုံ ၁၇၂ ဒသမ ၀၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၅၉၈,၀၇၈)ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၅,၉၀၆,၁၈၀ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် စက်တင်ဘာ ၁ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ တနိုင်းမြို့နယ် မိုင်းခွန် ကျေးရွာရှိ တရားမဝင်ရွှေမှော်၌ လိုင်စင်မဲ့ Doosan အမျိုးအစား အနီရောင် ဘက်ဟိုးယာဉ်တစ်စီး၊ Komatsu အမျိုးအစား အဝါရောင်ဘက်ဟိုးယာဉ် တစ်စီး၊ Volvo အမျိုးအစား အဝါရောင်ဘက်ဟိုးယာဉ် တစ်စီးနှင့် CAT-320C အမျိုးအစား အဝါရောင် ဘက်ဟိုးယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် စက်တင်ဘာ ၂ ရက်တွင် မွန် ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင် တံတား (မော်လမြိုင်)ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင် စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် RBD Palm Olein စားအုန်းဆီ ၃၉၆၀ လီတာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၇၈၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ် စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၇၈၀,၀၀၀ ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်တင်ဘာ ၂ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၂၃ မိုင် ၂ ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားခြင်းမရှိသည့် Hummer တူ ၉၀၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၈၉၇,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၆,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃,၈၉၇,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၃ ရက်တွင် ဘုရားကြီး မြို့ Famous ဆီဆိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ
တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြ နိုင်ခြင်းမရှိသည့် Furosic 40 mg ဆေးဝါးဘူး ၁၁၀၀၊ Envelop စာအိတ် ၇၆၈ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၃၂၅,၂၄၂) နှင့် အဆိုပါပစ္စည်းများ တင်ဆောင် လာသည့် Mitsubishi Fuso တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ တောင်ငူ ခရိုင်အတွင်း၌ တရားမဝင်သစ် ၁ ဒသမ ၉၅၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၆,၉၃၄)ကို လည်းကောင်း၊ စက်တင်ဘာ ၄ ရက်တွင် ပဲခူးခရိုင်အတွင်း၌ တရား မဝင် ကျွန်းသစ် ၃ ဒသမ ၄၉၉ တန်နှင့် သစ်မာ ၀ ဒသမ ၁၈၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၀,၄၃၆ကို လည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅,၁၁၂,၆၁၂ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၁၅,၆၉၅,၇၉၂) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်