တရားမဝင်သစ်မျိုးစုံ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

နေပြည်တော်   ဧပြီ   ၁


တရားမဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး  ဦးဆောင် ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင် ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ   မတ်  ၂၃  ရက်နှင့်  ၃၁  ရက်တို့တွင်  အကောက်ခွန် ဦးစီးဌာန၏   စီမံခန့်ခွဲမှုဖြင့်   မြန်မာအပြည်ပြည်  ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ)၌ တာဝန်ကျ အကောက် ခွန်အဖွဲ့က   စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ကုန် သေတ္တာ နှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော Gpon Olt 8 Pon Ports   အလုံး ၈၀    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၁၂၀၀၀၀)နှင့် Metal Mouse Trap ၈၄၀ ကီလို ဂရမ်    (ခန့်မှန်းတန်ဖိုးငွေကျပ်    ၁၇၆၄၀၀၀)၊ စုစုပေါင်း  ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၄၂၈၈၄၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


အလားတူ မတ် ၂၅ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန မှူးရုံးမှ    စစ်ဆေးရေးအဖွဲ့က    လားရှိုးမြို့နယ်  Oriental Highway Tollgate အနီး၌ မန္တလေးမြို့မှ မူဆယ်မြို့သို့  မောင်းနှင်လာသော  ခရီးသည်တင် မော်တော်ယာဉ်  တစ်စီးအား  စိစစ်၍  လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ ခေါ်ယူပြီး ပူးပေါင်း အဖွဲ့ဖြင့်  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ယာဉ်၏ ကိုယ်ထည်ကြမ်းခင်းအောက်တွင်  အံဝှက်ပြုလုပ်၍  တရားမဝင် သိုဝှက်သယ်ဆောင်သည့် ပိတောက်ဟု  ယူဆရသော ခွဲသားဆိုဒ်စုံ(၀.၈၅၁၆)တန်၊ ကျွန်းဟု ယူဆရသော  ခွဲသားဆိုဒ်စုံ  (၀  ဒသမ  ၉၆၃၂) တန် (ခန့်မှန်းတန်ဖိုးကျပ် ၃၅၀၀၀၀၀)နှင့် အဆိုပါ သစ် များ  တင်ဆောင်သော  Toyotetsu  Bus  တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်  ၂၅၅၀၀၀၀၀ ကို  ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့အတူ မတ် ၃၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာန  အသီးသီးအလိုက်  ဦးဆောင်သော  ပူးပေါင်းအဖွဲ့ များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေး ပင်မြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဖြူးမြို့နယ်နှင့် လက်ပံ တန်းမြို့နယ်များအတွင်း   တရားမဝင်  ကျွန်းသစ် ၂၃ ဒသမ ၀၈၈ တန်၊ သစ်မာ ၈ ဒသမ ၅၁၂ တန်နှင့်  အခြားသစ်မျိုးစုံ ၃ ဒသမ ၄၂၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၆၀၀၈၂၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ မတ် ၂၃ ရက်၊ ၂၅ ရက်နှင့် ၃၁ ရက် တို့တွင်  ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ  အမှုတွဲ  ရှစ်မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၁၈၀၉၈၄၈၂၆)   ဖြစ် ကြောင်း      တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။          

 

သတင်းစဉ်