တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်    ဧပြီ   ၂၇


တရားမဝင်  ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင် ကော်မတီ၏    ကြီးကြပ်ကွပ်ကဲမှုဖြင့်   တရားမဝင်  ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး  ဆောင်ရွက်လျက်ရှိရာ  ဧပြီ  ၂၂ ရက်တွင်  ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီး ဌာနအသီးသီးအလိုက် ဦးဆောင်သော ပူးပေါင်းအဖွဲ့ များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ဟင်္သာတ ခရိုင်နှင့် ပုသိမ်ခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်  နှင့် အခြားသစ်မျိုးစုံ  ၂၅ ဒသမ ၈၆၈ တန် (ခန့်မှန်း တန်ဖိုးငွေကျပ်   ၁၉၄၆၁၄၀) ကို   ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်  ရှိသည်။

 


ထို့အတူ   ဧပြီ ၂၅ ရက်တွင်   ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  အထူးအဖွဲ့ ၏   စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့က ကော့ကရိတ်(တံတားကျိုး)   စုပေါင်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်နှစ်စီးအား စစ်ဆေးခဲ့ရာ သွင်းကုန် ကြေညာလွှာတွင်      ကြေညာထားခြင်းမရှိသည့်  CAMEL ဆိုင်ကယ်တာယာ   အလုံး ၁၃၀   (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၅၀၀၀၀)  နှင့် Foam Slipper Sandal ဖိနပ်  ၁၆၈ စုံ    (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၀၀၀၀)ကို လည်းကောင်း  စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၅၇၇၀၀၀၀  ကို   ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်       လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

 


ထို့ပြင်   ဧပြီ   ၂၅   ရက်တွင်   နေပြည်တော်  ကောင်စီနယ်မြေ     တရားမဝင်    ကုန်သွယ်မှု   တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်ကုန်း မြို့နယ်သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်း အဖွဲ့က  တပ်ကုန်းမြို့နယ်အတွင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင်သစ်မျိုးစုံ  ၄ ဒသမ ၃၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၄၇၄၀)ကို ဖမ်းဆီး ရမိခဲ့ပြီး    သစ်တောဥပဒေနှင့်အညီ    အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 


ယင်းအပြင်    အကောက်ခွန်ဦးစီးဌာန၏    စီမံ ခန့်ခွဲမှုဖြင့်    တာဝန်ကျအကောက်ခွန်အဖွဲ့များက မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ စစ်ဆေးမှု များ ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၅ ရက်တွင် မြဝတီမြို့မှ ရန်ကုန်မြို့သို့   သွားရောက်မည့်   မော်တော်ယာဉ် တစ်စီးပေါ်၌  သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားခြင်းမရှိသည့် နိုင်လွန်ဇာ  ၃၈၅၀ ကီလိုဂရမ်  (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၅၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၀၀၀၀၀၀၀)ကို လည်းကောင်း၊ ဧပြီ ၂၆ ရက်တွင် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့    ထွက်ခွာလာသော   မော်တော်ယာဉ်  တစ်စီးအား စစ်ဆေးခဲ့ရာ တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်   Lactasoy Milk  ဘူး  ၃၆၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၅၀၀၀)နှင့် အဆိုပါ ပစ္စည်းများ    တင်ဆောင်လာသည့်    Mitsubishi  Fuso Express   တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၀၀၀၀၀၀)ကိုလည်းကောင်း  စုစုပေါင်း  ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁၅၂၀၀၀၀ ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်        လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧပြီ ၂၆ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်  တာဝန်ကျအကောက် ခွန်အဖွဲ့များက ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေး မြို့သို့   သွားရောက်မည့်   မော်တော်ယာဉ်တစ်စီး ပေါ်၌   သွင်းကုန်ကြေညာလွှာတွင်   ကြေညာထား သည်ထက် ပိုမိုတင်ဆောင်လာသည့် Bluetooth Mini Speaker  ၂၉၅ ခု အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၀၀၃၈၂)နှင့်  အဆိုပါ ပစ္စည်းများ    တင်ဆောင်လာသော  Hino   Profia မော်တော်ယာဉ်တစ်စီး     (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၅၀၀၀၀၀၀)   စုစုပေါင်း   ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၉၀၀၃၈၂ ကို   ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 


ထို့ပြင်   ဧပြီ ၂၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်   တိုင်းဒေသကြီး၊   ခရိုင်နှင့်   မြို့နယ်  သစ်တောဦးစီးဌာနအသီးသီးအလိုက် ဦးဆောင်သော  ပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ    ပဲခူးခရိုင်နှင့်   တောင်ငူခရိုင်များအတွင်း တရားမဝင် ကျွန်းသစ် ၂ ဒသမ ၂၇၆ တန်နှင့် သစ်မာ ၀ ဒသမ ၇၂၉၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၁၅၇၈၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ ညောင်လေးပင် မြို့မရဲစခန်းမှ   စစ်ဆေးရေးအဖွဲ့က  ကင်းလှည့် စစ်ဆေးမှု များ    ဆောင်ရွက်ခဲ့ရာ  ညောင်လေးပင်မြို့ မြို့မ (၄)ရပ်ကွက်   မီးရထားသံလမ်းခုံးအနီးတွင်       တရားဝင်စာရွက်စာတမ်း  အထောက်အထားတစ်စုံ တစ်ရာ    တင်ပြနိုင်ခြင်းမရှိသည့်   Mitsubishi မော်တော်ယာဉ်တစ်စီး   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို   ပို့ကုန်သွင်းကုန် ဥပဒေအရ  လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၁၅၇၈၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

 


သို့ဖြစ်ပါ၍ ဧပြီ ၂၂ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက် တို့တွင် ဖမ်းဆီးရမိမှု  စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၀၀၇၀၄၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။              

သတင်းစဉ်